E3 2019 အကျဉ်းချုံး

စာမမြင်လျှင် ဒီကိုနှိပ်ပါ E3 2019 ကေတာ့ ဇြန္လ ၁၄ ရက်နေ့က ပြီးဆုံးသွားခဲ့လေပြီ ။ ကျနော်တို့ ကြည့်ရသလောက် ဒီနှစ် E3 ဟာ မနှစ်ကလောက် သိပ်စိတ်ဝင်စားဖို့ မကောင်းခဲ့ဘူး ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ ဂိမ်းကောင်းလေးတွေလည်း တွေ့ခဲ့ရတော့ လုံးဝကြီး ပျင်းဖို့ကောင်းနေခဲ့တာတော့ မဟုတ်ခဲ့ဘူး ။ ဆိုတော့ ဒီနှစ် E3 မှာ ဘာတွေပြသွားခဲ့လဲ? အကျဉ်းချုံးကိုအောက်က ပုံတစ်ပုံချင်းစီမှာ ထောက်ကြည့်ပြီး ဖတ်ရှုနိုင်ပါတယ် ။ Nintendo နီတင်းဒိုးကတော့ E3 2019 မှာ ပရက်စ်ကွန့်ဖရင့်မလုပ်ခဲ့ပါဘူး ။ ဒီအစား Nintendo Direct live stream လုပ်ခဲ့ပြီး အနှစ်တွေချည်းပဲ ပြသွားခဲ့တယ် ။ နီတင်းဒိုးရဲ့ ကြေညာချက်တွေထဲ … Continue reading E3 2019 အကျဉ်းချုံး

Destiny 2 ဂိမ်း free-to-play ဖြစ်တော့မယ့်အကြောင်းနှင့် expansion အသစ် Shadowkeep အကြောင်း Bungie က ကြေညာ

စာမမြင်လျှင် ဒီကိုနှိပ်ပါ မနေ့ည ၁၁ နာရီခွဲလောက်က ဂူဂဲလ်က သူ့ရဲ့ ဂိမ်းမင်းပလက်ဖောင်းအသစ် Stadia အကြောင်း ကြေညာရာမှာ Destiny 2 ဒက်ဘလော်ဘာ Bungie ကလည်း ထုတ်မယ့် Destiny 2 Expansion အသစ် Shadowkeep ကိုကြေညာလိုက်ပါတယ် ။ Activation နှင့် နှုတ်ဆက်ခွဲခွာခဲ့ပြီးနောက် Bungie ရဲ့ Destiny 2 content တွေဟာ ပိုပိုကောင်းလာတာမို့ အခုထွက်မယ့် expansion ဟာလည်း Destiny 2 ဖန်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ပြည့်နှက်နေပါတယ် ။ ဒီနှစ် စက်တင်ဘာ ၁၇ ရက်နေ့မှာ ထွက်မယ့် ဒီ Shadowkeep expansion မှာတော့ ပလေယာတွေကို ဂြိုလ်သားတွေပြည့်နှက်နေတဲ့ ခံတပ်ကြီးဆီ … Continue reading Destiny 2 ဂိမ်း free-to-play ဖြစ်တော့မယ့်အကြောင်းနှင့် expansion အသစ် Shadowkeep အကြောင်း Bungie က ကြေညာ

ဂူဂဲလ်က နိုဝင်ဘာမှာ Stadia စတင်မယ့်အကြောင်းနှင့် ရရှိနိုင်မယ့် ပက်ကေ့ခ်ျတွေအကြောင်း ကြေညာ

မနေ့တုန်းက ဂူဂဲလ်ဟာ သူ့ရဲ့ (cloud gaming service) ကလောက်ဂိမ်းမင်းဆားဗစ် Stadia အကြောင်းအသေးစိတ်ဖော်ပြခဲ့ပြီး လာမယ့် နိုဝင်ဘာလမှာ စတင်တော့မှာ ဖြစ်တဲ့အကြောင်းလည်း ကြေညာခဲ့ပါတယ် ။ ဂူဂဲလ်ဟာ Stadia ကို Pro နှင့် Free ဆိုပြီး ဗားရှင်း ၂ မျိုးနှင့် ဖြန့်ချီမှာ ဖြစ်ပါတယ် ။ Pro ကို အရင်ဦးဆုံး ရရှိမှာ ဖြစ်ပြီး Free ကိုတော့ ၂၀၂၀ မှ ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။ Stadia Pro ခေါ် Founder Edition မှာ လစဉ်ကြေး တစ်လစာကို ၉.၉၉ ဒေါ်လာကျမှာ ဖြစ်ပြီး စဝယ်တာနှင့် ၃ လစာ … Continue reading ဂူဂဲလ်က နိုဝင်ဘာမှာ Stadia စတင်မယ့်အကြောင်းနှင့် ရရှိနိုင်မယ့် ပက်ကေ့ခ်ျတွေအကြောင်း ကြေညာ

Square Enix နှင့် Crystal Dynamic တို့ရဲ့ Marvel’s Avengers ဂိမ်းအသစ် ထွက်လာဖို့ရှိ

Square Enix က E3 ပြပွဲမှာ ပြသမယ့်အစီစဉ်တွေ ကြေညာထားတဲ့ ကြားထဲမှာ Crystal Dynamics နဲ့ ပူးပေါင်း ပြသမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတစ်ခု သွားတွေ့ပါတယ် ။ အဲ့ဒါကတော့ Marvel’s Avengers ဆိုတဲ့ ဂိမ်းပါပဲ ။ Crystal Dynamic က Marvel's Avengers ဂိမ်းအကြောင်း ရေးထားတာကို ဖော်ပြရလျှင် "အထွတ်အထိပ်ဖြစ်စေမယ့် ရုပ်ရှင်အက်ရှင်ဂိမ်းတစ်ခု ။ ရုပ်ရှင်စီးရီးတစ်ခုကြည့်နေရသလို ဇာတ်လမ်းသွားနှင့် အက်ရှင်ဂိမ်းတစ်ခု ။ အဆုံးမရှိ single-player mode ၊ co-operative ဂိမ်းပလေး ပေါင်းစပ်ထားပြီး အများဆုံး ၄ ယောက်အထိ အုပ်စုဖွဲ့ ကစားနိုင်မယ် ။ ဟီးရိုး တစ်ယောက်ချင်းစီကို ကိုယ်လိုတဲ့စတိုင် ကိုယ်နဲ့ကစားလို့ … Continue reading Square Enix နှင့် Crystal Dynamic တို့ရဲ့ Marvel’s Avengers ဂိမ်းအသစ် ထွက်လာဖို့ရှိ

Death Stranding ဂိမ်းဟာ PlayStation 4 အတွက် ဒီနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကမ္ဘာအနှံ့ ထွက်လာတော့မည်

စာမမြင်လျှင် ဒီကိုနှိပ်ပါ Death Stranding ဂိမ်းဟာ PlayStation 4 အတွက် ဒီနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကမ္ဘာအနှံ့ ထွက်လာတော့မှာ ဖြစ်ကြောင်း ထုတ်လုပ်သူ Sony Interactive Entertainment နှင့် ဖန်တီးသူ Kojima Productions က ကြေညာလိုက်ပါတယ် ။ Hideo Kojima ရဲ့ အမှာစကား ********************** လူတွေဟာ အကာအရံ နံရံကြီးတွေ ဖန်တီးတည်ဆောက်ခဲ့ကြပြီး တစ်ယောက်တည်း သီးခြားနေရတာ ကျင့်သားရသွားခဲ့ကြပါပြီ ။ Death Stranding ကတော့ မြင်ဖူးနေကျ အက်ရှင်ဂိမ်းပုံစံကနေ လုံးဝကွဲထွက်နေတဲ့ အက်ရှင်ဂိမ်းအမျိုးအစားအသစ်တစ်ခု ဖြစ်ပြီး ကစားသူဟာ အစိတ်စိတ်အမွှာမွှာကွဲထွက်နေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုစီကို၊ သီးခြားရပ်တည်နေထိုင်နေကြတဲ့ မြို့တစ်မြို့ချင်းစီကို ပြန်လည်ပေါင်းစည်းအောင် ဆက်သွယ်ပေးရမှာပါ ။ … Continue reading Death Stranding ဂိမ်းဟာ PlayStation 4 အတွက် ဒီနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကမ္ဘာအနှံ့ ထွက်လာတော့မည်

Epic Games Store မှာ City of Brass ဂိမ်း free ပေးနေ

မနက်ဖြန် May 30 ရက်နေ့မှာ City of Brass ကို Epic Games Store မှာ free ပေးပါတော့မယ် ။ လက်ရှိ Steam မှာ $20 တန်ပါတယ်။ ပေးတဲ့အချိန်လေး နောက်မကျသွားပဲယူထားကြဖို့ အသိပေးလိုက်ရပါတယ်။ https://www.epicgames.com/store/en-US/product/city-of-brass/home City of Brass Preview *************** ကြည့်ရင်းနဲ့ Prince of Persia ဂိမ်းလေး ပြန်လာပြီလား အောက်မေ့ရတယ် ။ အဲ့ Indie ဂိမ်းလေး ။ review တွေကလည်း အကုန် positive တွေချည်းပဲ gameplay တော့ Prince of persia : the two throne … Continue reading Epic Games Store မှာ City of Brass ဂိမ်း free ပေးနေ

Pokemon ကုမ္ပဏီက Pokemon Sleep ဆိုတဲ့ စမတ်ဖုန်း ဂိမ်း/အက်ပလီကေးရှင်းတစ်ခုကို ကြေညာ

Pokemon ကုမ္ပဏီက Pokemon Sleep ဆိုတဲ့ စမတ်ဖုန်း ဂိမ်း/အက်ပလီကေးရှင်းတစ်ခုကို ကြေညာလိုက်ပါတယ် ။ အဆိုပါ အက်ပလီကေးရှင်းကတော့ ပလေယာရဲ့ အိပ်ပျော်နေတဲ့အချိန်ကို စောင့်ကြည့်နေမှာ ဖြစ်ပြီး တခြားဂိမ်းတွေနဲ့မတူ ထူးခြားတဲ့ ဂိမ်းပလေးကို ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။ iOS နှင့် Andriod အတွက်ထွက်လာမယ့် ထို အက်ပလီကေးရှင်းအသစ်ဟာ ပလေယာတွေကို ပိုကီမွန်တွေနဲ့အတူ မနက်ခင်းအစပြုစေမှာ ဖြစ်ပြီး ပလေယာ အိပ်ပျော်နေချိန်ကို ဖျော်ဖြေမှုတစ်ခုအသွင်ပြောင်းလဲထားပြီး ပလေယာဟာ အိပ်ပျော်ရာကနိုးထလာတာနဲ့ သူတို့ရဲ့ဂိမ်းမှာ အပြောင်းအလဲ ဖြစ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ Pokemon Sleep အက်ပလီကေးရှင်းအကြောင်း အသေးစိတ်မဖော်ပြသေးပေမယ့် Pokemon Sleep နှင့် Pokemon Go နှင့် တွဲဖက်အသုံးပြုရမယ့် Pokemon … Continue reading Pokemon ကုမ္ပဏီက Pokemon Sleep ဆိုတဲ့ စမတ်ဖုန်း ဂိမ်း/အက်ပလီကေးရှင်းတစ်ခုကို ကြေညာ

Pokemon ကုမ္ပဏီက Pokemon Home ဆိုတဲ့ cloud ဆားဗစ်တစ်ခု ကြေညာ

The Pokemon ကုမ္ပဏီက Pokemon Home ဆိုတဲ့ cloud ဆားဗစ်တစ်ခု ကြေညာလိုက်ပါတယ် ။ အဆိုပါ cloud ဆားဗစ်ကတော့ Switch, iOS နှင့် Andriod တွေမှာ ပေးမှာ ဖြစ်ပါတယ် ။ ပိုကီမွန်ဂိမ်းတွေဟာ ပလက်ဖောင်းတော်တော်များများများမှာ မျိုးကွဲတွေ အများကြီးထွက်လာခဲ့ပါပြီ ။ Nintendo 3DS မှာလည်း ရှိတယ် ။ Nintendo Switch မှာလည်း ရှိတယ် ။ ပြီးတော့ မိုဘိုင်းဖြစ်တဲ့ iOS နှင့် Andriod တွေပေါ်ကိုလည်း ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ် ။ ယခုထွက်ရှိမယ့် Pokemon Home ကတော့ ပလေယာတွေကို ပလက်ဖောင်း တစ်ခုတည်းတွင်သာမက တခြားပလက်ဖောင်းက ပိုကီမွန်ဂိမ်းတွင်မှာပါ ကိုယ့်လက်ရှိရထားတဲ့ … Continue reading Pokemon ကုမ္ပဏီက Pokemon Home ဆိုတဲ့ cloud ဆားဗစ်တစ်ခု ကြေညာ

Origin မှာ Sims 4 ဂိမ်းကို free ပေးနေ

Sims 4 ဂိမ်းကို Origin မှာ free ပေးနေပါတယ်နော် ... အချိန်က တစ်ပတ်ပဲ ပေးထားပါတယ် .. လိုချင်သူများ ယူထားကြပါ ... ကိုယ့် library ထဲ ကောက်ထည့်လိုက်ရုံပါပဲ ... legit ရမှာပါနော Sims 4 ကတော့ simulation ဂိမ်းတစ်ခုပါ .. လူတစ်ယောက် ငယ်ရာကနေ ကြီးပြီး သေသွားတဲ့အထိ လူတစ်ယောက်ရဲ့ဘဝကို ကစားရမှာပါ .... player က အိမ်ရှင်မတစ်ယောက် အိမ်ထောင်တစ်ခု ထိန်းသိမ်းရသလိုပါပဲ .. ကိုယ်အိမ်သားတွေရဲ့ လိုအပ်ချက် ဥပမာ ဗိုက်ဆာရင် ထမင်းချက်ခိုင်းပြီး စားခိုင်းတာ အိမ်သာတက်ချင် အိမ်သာတက်ခိုင်းတာ အိမ်သားတွေ မပျော်ရင်လမ်းထွက်လည်ပေးရတာ စတာတွေ ဖြည့်ဆည်းပေးရမှာပါ ... နောက်ပြီး … Continue reading Origin မှာ Sims 4 ဂိမ်းကို free ပေးနေ

Epic Store က Rime ဂိမ်းကို free ပေးနေ

Rime ဆိုတဲ့ ချစ်စရာကောင်းတဲ့ indie ဂိမ်းကို Epic store မှာ free ပေးနေပါတယ် ။ May 30 ရက်နေ့ထိပဲမို့ ထုံးစံအတိုင်းပဲ ယူထားလိုက်ကြပါ။ https://www.epicgames.com/store/en-US/product/rime/home Rime ဆိုတဲ့ ဂိမ်းကတော့ ၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ open world ၊ adventure ၊ puzzle ဂိမ်း အမျိုးအစားဖြစ်ပြီး third-person view ဖြင့် ကစားရမှာ ဖြစ်ပါတယ် ။ rating များများ ရထားတဲ့ indie ဂိမ်းကောင်း တစ်ခုဖြစ်ပါတယ် ။ ရုပ်ထွက်ကတော့ Legend of Zelda: The Wind Waker လိုမျိုး art style နှင့် … Continue reading Epic Store က Rime ဂိမ်းကို free ပေးနေ