​Psycho-Pass: Mandatory Happiness 

Psycho-Pass: Mandatory Happiness ဟာ PC အတြက္ Steam ကေနတဆင့္ လာမယ့္ ဧပရယ္လ ၂၇ ရက္ေန႔မွာ ထြက္လာေတာ့မွာ ျဖစ္ေၾကာင္း NIS America က 2017 press event မွာ ေၾကညာလိုက္ပါတယ္ ။ Psycho-Pass ဆိုတဲ့ anime တီဗြီဇာတ္လမ္းတြဲကို အေျခခံထားတဲ့ Visual novel ဂိမ္းတစ္ခု ျဖစ္ပါတယ္ ။

ဂိမ္းအေၾကာင္း

အနာဂတ္ တိုက်ိဳၿမိဳ႕ႀကီးမွာ ျဖစ္ပါတယ္ ။ လူေတြရဲ႕ စိတ္အေျခအေနေတြကို ဖတ္ၿပီး ကိန္းဂဏန္းေတြနဲ႔ ျပသႏုိင္တဲ့ Physco pass လို႔ေခၚတဲ့ ကိရိယာ ။ ဒီကိရိယာကို အသံုးျပဳ ၿပီး ေပ်ာ္ရႊင္မႈ ရ႐ွိေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ နည္းယူေနၾကသလို ဘယ္သူက ဘယ္လိုမ်ိဳး ျပစ္မႈ က်ဴးလြန္ဖို႔ ၾကံေနသလဲဆိုတာ ေဖာ္ထုတ္ ဖမ္းဆီးျခင္းအားျဖင့္ လူေတြရဲ႕ ေနထိုင္မႈဘဝ ပိုမိုေကာင္းမြန္လာေအာင္ လုပ္ေနၾကတာ ျဖစ္တယ္ ။ လူေတြရဲ႕ စိတ္အေျခအေနကို တိုင္းတာရာမွာ ထိုကိရိယာက coefficient ဆိုတဲ့ ကိန္းဂဏန္းနဲ႔ ျပေလ့႐ွိပါတယ္ ။ ျပစ္မႈ က်ဴးလြန္မယ့္သူေတြမွာ ျပစ္မႈက်ဴးလြန္ႏႈန္းျပကိန္း crime coefficient က ျမင့္ေနေလ့႐ွိပါတယ္  ။ ျပစ္မႈက်ဴးလြန္မယ့္ လူေတြကို Enforcer နဲ႔ Inspector ဆိုတဲ့ ၂ ေယာက္ပါဝင္ဖြဲ႔စည္းထားတဲ့ အဖြဲ႔နဲ႔ ႐ွာရတာ ျဖစ္ပါတယ္ ။ Enforcer ကေတာ့ သူကိုယ္တိုင္ crime coefficient ျမင့္ေနပါတယ္ ။ သူ႔ကို ဘာေၾကာင့္ သံုးရလဲဆိုေတာ့ သူကိုယ္တိုင္ကကို ျပစ္မႈက်ဴးလြန္ႏိုင္တဲ့အတြက္ အျခား ျပစ္မႈက်ဴးလြန္မယ့္သူေတြကို ေကာင္းစြာ အနံ႕ခံ႐ွာေဖြႏိုင္စြမ္း ႐ွိေနတာမို႔လို႔ ျဖစ္ပါတယ္ ။ Inspector ကေတာ့ လက္ေအာက္ငယ္သားေတြကို အမိန္႔ေပးေစခိုင္းႏိုင္ၿပီး Enforcer က ႐ွာေတြ႔သမ်ွကို ေသခ်ာ ေဝဖန္ဆံုးျဖတ္ရတာ ျဖစ္ပါတယ္ ။ ကစားသူဟာ Inspector ျဖစ္တဲ့ Nadeshiko Kugatachi ႏွင့္ Enforcer ျဖစ္တဲ့ Takuma Tsurugi ေနရာကေန ကစားရမွာ ျဖစ္ပါတယ္ ။ ကိုယ့္အတိတ္အေၾကာင္း မမွတ္မိေတာ့တဲ့ Inspector Nadeshiko Kugatachi ႏွင့္ ခ်စ္သူေပ်ာက္႐ွာေနတဲ့ Enforcer Takuma Tsurugi တို႔ ျပစ္မႈက်ဴးလြန္မယ့္သူေတြကို ႐ွာရင္း လူသားတို႔ရဲ႕ ခါးသီးလွတဲ့ အမွန္တရားနဲ႔ ရင္ဆိုင္ေနရရင္း ေ႐ွ႕ဆက္ ဘာေတြ ဆက္ျဖစ္ၾကမွာလဲ?

ယခုလက္ရွိအခ်ိန္မွာေတာ့ Psycho-Pass: Mandatory Happiness ဟာ  PlayStation 4 ႏွင့္ PS Vita မွာ ရ႐ွိေနၿပီ ျဖစ္ပါတယ္ ။

.

.

Unicode

Psycho-Pass: Mandatory Happiness ဟာ PC အတွက် Steam ကနေတဆင့် လာမယ့် ဧပရယ်လ ၂၇ ရက်နေ့မှာ ထွက်လာတော့မှာ ဖြစ်ကြောင်း NIS America က 2017 press event မှာ ကြေညာလိုက်ပါတယ် ။ Psycho-Pass ဆိုတဲ့ anime တီဗွီဇာတ်လမ်းတွဲကို အခြေခံထားတဲ့ Visual novel ဂိမ်းတစ်ခု ဖြစ်ပါတယ် ။

ဂိမ်းအကြောင်း

အနာဂတ် တိုကျိုမြို့ကြီးမှာ ဖြစ်ပါတယ် ။ လူတွေရဲ့ စိတ်အခြေအနေတွေကို ဖတ်ပြီး ကိန်းဂဏန်းတွေနဲ့ ပြသနိုင်တဲ့ Physco pass လို့ခေါ်တဲ့ ကိရိယာ ။ ဒီကိရိယာကို အသုံးပြု ပြီး ပျော်ရွှင်မှု ရရှိအောင် ဘယ်လို လုပ်ရမလဲဆိုတာ နည်းယူနေကြသလို ဘယ်သူက ဘယ်လိုမျိုး ပြစ်မှု ကျူးလွန်ဖို့ ကြံနေသလဲဆိုတာ ဖော်ထုတ် ဖမ်းဆီးခြင်းအားဖြင့် လူတွေရဲ့ နေထိုင်မှုဘဝ ပိုမိုကောင်းမွန်လာအောင် လုပ်နေကြတာ ဖြစ်တယ် ။ လူတွေရဲ့ စိတ်အခြေအနေကို တိုင်းတာရာမှာ ထိုကိရိယာက coefficient ဆိုတဲ့ ကိန်းဂဏန်းနဲ့ ပြလေ့ရှိပါတယ် ။ ပြစ်မှု ကျူးလွန်မယ့်သူတွေမှာ ပြစ်မှုကျူးလွန်နှုန်းပြကိန်း crime coefficient က မြင့်နေလေ့ရှိပါတယ်  ။ ပြစ်မှုကျူးလွန်မယ့် လူတွေကို Enforcer နဲ့ Inspector ဆိုတဲ့ ၂ ယောက်ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့နဲ့ ရှာရတာ ဖြစ်ပါတယ် ။ Enforcer ကတော့ သူကိုယ်တိုင် crime coefficient မြင့်နေပါတယ် ။ သူ့ကို ဘာကြောင့် သုံးရလဲဆိုတော့ သူကိုယ်တိုင်ကကို ပြစ်မှုကျူးလွန်နိုင်တဲ့အတွက် အခြား ပြစ်မှုကျူးလွန်မယ့်သူတွေကို ကောင်းစွာ အနံ့ခံရှာဖွေနိုင်စွမ်း ရှိနေတာမို့လို့ ဖြစ်ပါတယ် ။ Inspector ကတော့ လက်အောက်ငယ်သားတွေကို အမိန့်ပေးစေခိုင်းနိုင်ပြီး Enforcer က ရှာတွေ့သမျှကို သေချာ ဝေဖန်ဆုံးဖြတ်ရတာ ဖြစ်ပါတယ် ။ ကစားသူဟာ Inspector ဖြစ်တဲ့ Nadeshiko Kugatachi နှင့် Enforcer ဖြစ်တဲ့ Takuma Tsurugi နေရာကနေ ကစားရမှာ ဖြစ်ပါတယ် ။ ကိုယ့်အတိတ်အကြောင်း မမှတ်မိတော့တဲ့ Inspector Nadeshiko Kugatachi နှင့် ချစ်သူပျောက်ရှာနေတဲ့ Enforcer Takuma Tsurugi တို့ ပြစ်မှုကျူးလွန်မယ့်သူတွေကို ရှာရင်း လူသားတို့ရဲ့ ခါးသီးလှတဲ့ အမှန်တရားနဲ့ ရင်ဆိုင်နေရရင်း ရှေ့ဆက် ဘာတွေ ဆက်ဖြစ်ကြမှာလဲ?

ယခုလက်ရှိအချိန်မှာတော့ Psycho-Pass: Mandatory Happiness ဟာ  PlayStation 4 နှင့် PS Vita မှာ ရရှိနေပြီ ဖြစ်ပါတယ် ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s