

ဂိမ်းအကြောင်း

Unicode

Samurai Warrors: Spirit of Sanada ဟာ PS 4 နှင့် PC အတွက် မေလ ၂၃ ရက်နေ့မှာ မြောက်အမေရိကတွင်လည်းကောင်း ၊ မေလ ၂၆ ရက်နေ့မှာ ဥရောပတွင်လည်းကောင်း အသီးသီး ထွက်ရှိလာတော့မည်

=============================

Samurai Warrors: Spirit of Sanada ဟာ PlayStation 4 နှင့် PC အတွက် မေလ ၂၃ ရက်နေ့မှာ မြောက်အမေရိကတွင်လည်းကောင်း ၊ မေလ ၂၆ ရက်နေ့မှာ ဥရောပတွင်လည်းကောင်း အသီးသီး ထွက်ရှိလာတော့မှာ ဖြစ်ကြောင်း Koei Tecmo က ကြေညာလိုက်ပါတယ် ။ PlayStatin 4 အတွက်ဆိုလျှင် physical အနေနှင့်ရော digital အနေနှင့်ပါ ထွက်ရှိလာမှာ ဖြစ်ပြီး PC အတွက်တော့  Steam ကနေတဆင့် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ် ။ 

Pre-orders မှာတော့ “Kunoichi”, “Inahime”, “Kaihime”, နှင့် “Chacha,” character တွေအတွက် Sanada Colors Costumes တွေ အပြင်“Kunoichi” အတွက် Special Costume ပါပါဝင်ပါတယ် ။ အဆိုပါ bonuses တွေကို Amazon, Best Buy, EB Games, နှင့် GameStop ကနေတဆင့် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ် ။

ဂိမ်းအကြောင်း

Samurai Warrors: Spirit of Sanada ဟာ hack-and-slash action ဂိမ်းအမျိုးအစား ဇာတ်လမ်းသွား ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ဆာမူရိုင်းခေတ်လို့ အမည်တွင်ခဲ့တဲ့ ဂျပန်ပြည်တွင်းစစ်သမိုင်းကို အခြေခံထားတာ ဖြစ်ပြီး နာမည်ကြီး Sanada Clan အကြောင်းကို ဗဟိုပြုထားတဲ့ action ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ ဆာမူရိုင်းခေတ်က လူအများလေးစားကြည်ညိုရတဲ့ Masayuki Sanada ကနေ အစပြု ပြီး အင်အားကြီး စစ်ဘုရင်တွေ အကြား အရှုပ်အထွေး အလှည့်အပြောင်းကနေ တဆင့် Sanada Clan ဖြစ်ပေါ်လာပုံ ၊ ပဋိပက္ခတွေကြားမှာ မွေးဖွားလာပြီး နာမည်ကြီး စစ်သူရဲကောင်းဖြစ်လာတဲ့ Yukimura Sanada အကြောင်းနဲ့ သူ့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်တဲ့ Seige of Osaka အထိ ကစားရမှာ ဖြစ်ပါတယ် ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s