Get Even (FPS, Horror) Game

စိတၱဇဆန္ဆန္ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ first person shooter အမ်ိဳးအစားဂိမ္း Get Even ….

Get Even ဂိမ္းဟာ ပိုလန္အေျခစိုက္ developer ျဖစ္တဲ့ The Farm 51 က ဖန္တီးထားတဲ့ action အမ်ိဳးအစားပါဝင္တဲ့ First Person Shooter Horror အမ်ိဳးအစား ဇာတ္လမ္းသြားဂိမ္း တစ္ခု ျဖစ္ပါတယ္ ။ The Farm 51 ဟာ NecrovisioN franchise ႏွင့္ ေနာက္ဆံုးထြက္ Painkiller စီးရီးေတြ ေၾကာင့္ လူသိမ်ားပါတယ္ ။ 

စြန္႔ပစ္ထားတဲ စိတၱဇ ေဆးရံုတစ္ရံုထဲ ေမ့ေမ်ာရာကေန ႏိုးထလာတဲ့ Cole Black ဆိုတဲ့ အငွါး ေသနတ္သမားတစ္ေယာက္ ေနရာကေန ေဆာ့ရမွာ ျဖစ္ပါတယ္ ။ Black ဟာ သူ ႏိုးထလာတဲ့အခ်ိန္ သူ႔ မွတ္ဥာဏ္ထဲ ဘာမွ မ႐ွိ ။ အမည္ဝွက္ Red ဆိုတဲ့သူရဲ႕ လမ္းၫႊန္မႈနဲ႔ လႈပ္႐ွားေနရတဲ့ black ဟာ ဗံုးေတြ ခ်ိတ္ထားတဲ့ မိန္းကေလးတစ္ေယာက္ကို ကယ္တင္မယ္ဆိုတာပဲ သူ႔ေခါင္းထဲ ႐ွိပါတယ္ ။ Black က သာမာန္လူ မဟုတ္ ။ ထူးဆန္းတဲ့ နည္းပညာနဲ႔ ျပဳလုပ္ထားတဲ့ အရာက သူဦးေႏွာက္ႏွင့္ ေပါင္းစပ္ထားပါတယ္ ။ ဒီအရာက သူ႔ကို ဘယ္အခ်ိန္မဆို မွတ္ဥာဏ္ကို ျပန္ေခၚ ျပန္ဖတ္လို႔ရေအာင္ ျပဳလုပ္ေပးတယ္ ။ ဘာေၾကာင့္ သူ ဒီကို ေရာက္ေနတာလဲ? မိန္းကေလးကေရာ ဘယ္သူလဲ?   အခုေရာက္ေနတဲ့ အျဖစ္မွန္ကို သိရဖို႔ black ဟာ သူ႔အရင္က မွတ္ဥာဏ္ကို ျပန္ေဖာ္ရပါေတာ့တယ္ ။ cutsense ေတြ dialogue ေတြ ၾကည့္ျခင္း ဖတ္ျခင္းအားျဖင့္ ဇာတ္လိုက္အေၾကာင္း သိလာရမွာ ျဖစ္သလို ဂိမ္းထဲ ပတ္ဝန္းက်င္ေတြကို စူးစမ္းေလ့လာျခင္းအားျဖင့္ ၊ လူေတြကို ေမးျမန္းစကားေျပာျခင္းအားျဖင့္ ကစားရင္း ဇာတ္လမ္းအေၾကာင္း တျဖည္းျဖည္း သိလာရမွာ ျဖစ္ပါတယ္ ။ Get Even ဂိမ္းရဲ႕ graphic ဟာ unreal engine အသံုးျပဳထားကာ အခုေခတ္နည္းပညာႏွင့္ ပတ္ဝန္းက်င္ဆိုလည္း အျပင္က တကယ့္ ပတ္ဝန္းက်င္အစစ္မ်ိဳးျဖစ္ေအာင္ ၊ လူဆိုလည္း တကယ့္လူအစစ္မ်ိဳး ျဖစ္ေအာင္ ဖန္တီးထားတာေၾကာင့္ ကစားတဲ့အခါ တကယ့္ ကမၻာငယ္ေလးထဲ ကိုယ္တိုင္ ေရာက္ေနသလိုမ်ိဳး ခံစားရမွာ ျဖစ္ပါတယ္ ။ 

Get Even ဂိမ္းမွာ single player mode သာမက multiplayer mode ပါ ပါ႐ွိပါတယ္ ။ သူ႔ multiplayer mode က ထူးျခားပါတယ္ ။ single player mode နဲ႔ တစ္ေယာက္တည္း ကစားေနတဲ့အခ်ိန္မွာ ေနာက္တစ္ေယာက္က ဘယ္အခ်ိန္မဆို ဝင္ၿပီး ကစားရတဲ့ multiplayer mode ျဖစ္ပါတယ္ ။ တစ္ေယာက္တည္း ကစားတဲ့အခ်ိန္မွာ ဇာတ္လိုက္ရဲ႕ ရန္သူေတြကို computer က ထိန္းခ်ဳပ္ေနေပမယ့္ ေနာက္တစ္ေယာက္ ဝင္လာတဲ့အခါမွာေတာ့ အဲဒီ 2nd player ျဖစ္တဲ့ ေနာက္တစ္ေယာက္ က ရန္သူေတြရဲ႕ ေနရာကို အစားထိုးဝင္ေရာက္သြားမွာ ျဖစ္ပါတယ္ ။ ဇာတ္လိုက္ရဲ႕ ရန္သူက ဝင္လာတဲ့ 2nd player ျဖစ္သြားၿပီး အဲဒီ 2nd player က ဇာတ္လိုက္ရဲ႕ အလုပ္ေတြကို ဝင္ေရာက္ ေႏွာင့္ယွက္ ဖ်က္ဆီးရမွာ ျဖစ္သလို ဇာတ္လိုက္ေနရာက ကစားသူအေနနဲ႔ သူၾကံဳေတြ႔ေနရတဲ့ ရန္သူဟာ computer က ထိန္းခ်ဴပ္ထားတာလား ဒါမွမဟုတ္ ေနာက္ဝင္လာတဲ့ ကစားသူကပဲ ထိန္းခ်ဳပ္ထားတာလားဆိုတာ သိရမွာ မဟုတ္ပါဘူး ။

Get Even ဂိမ္းဟာ ၂၀၁၃ ခုႏွစ္ကတည္းက စတင္ ေၾကညာခဲ့ၿပီးေနာက္ လူအမ်ား စိတ္ဝင္စားမႈ အမ်ားဆံုးရ႐ွိေနခဲ့တဲ့ ဂိမ္းတစ္ခုလည္း ျဖစ္ပါတယ္ ။ Get Even ဂိမ္းဟာ PlayStation 4, Xbox One, ႏွင့္ PC အတြက္ လာမယ့္ ေမလ ၂၆ ရက္ေန႔တြင္ ဥေရာပမွာ ထြက္႐ွိလာေတာ့မွာ ျဖစ္ေၾကာင္း publisher Bandai Namco ႏွင့္ developer The Farm 51 က ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္ ။ ေျမာက္အေမရိကမွာေတာ့ digital အေနနဲ႔ ထြက္လာမွာ ျဖစ္ၿပီး ထြက္မယ့္ရက္ေတာ့ အတိအက် မသိရေသးပါ ။

Steam Link => http://store.steampowered.com/app/299950/
Unicode

စိတ္တဇဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ first person shooter အမျိုးအစားဂိမ်း Get Even 

=============================

Get Even ဂိမ်းဟာ ပိုလန်အ​ခြေစိုက်developer ဖြစ်တဲ့ The Farm 51 က ဖန်တီးထားတဲ့ action အမျိုးအစားပါဝင်တဲ့ First Person Shooter Horror အမျိုးအစား ဇာတ်လမ်းသွားဂိမ်း တစ်ခု ဖြစ်ပါတယ် ။ The Farm 51 ဟာ NecrovisioN franchise နှင့် နောက်ဆုံးထွက် Painkiller စီးရီးတွေ ကြောင့် လူသိများပါတယ် ။ 

စွန့်ပစ်ထားတဲ စိတ္တဇ ဆေးရုံတစ်ရုံထဲ မေ့မျောရာကနေ နိုးထလာတဲ့ Cole Black ဆိုတဲ့ အငှါး သေနတ်သမားတစ်ယောက် နေရာကနေ ဆော့ရမှာ ဖြစ်ပါတယ် ။ Black ဟာ သူ နိုးထလာတဲ့အချိန် သူ့ မှတ်ဉာဏ်ထဲ ဘာမှ မရှိ ။ အမည်ဝှက် Red ဆိုတဲ့သူရဲ့ လမ်းညွှန်မှုနဲ့ လှုပ်ရှားနေရတဲ့ black ဟာ ဗုံးတွေ ချိတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်တင်မယ်ဆိုတာပဲ သူ့ခေါင်းထဲ ရှိပါတယ် ။ Black က သာမာန်လူ မဟုတ် ။ ထူးဆန်းတဲ့ နည်းပညာနဲ့ ပြုလုပ်ထားတဲ့ အရာက သူဦးနှောက်နှင့် ပေါင်းစပ်ထားပါတယ် ။ ဒီအရာက သူ့ကို ဘယ်အချိန်မဆို မှတ်ဉာဏ်ကို ပြန်ခေါ် ပြန်ဖတ်လို့ရအောင် ပြုလုပ်ပေးတယ် ။ ဘာကြောင့် သူ ဒီကို ရောက်နေတာလဲ? မိန်းကလေးကရော ဘယ်သူလဲ?   အခုရောက်နေတဲ့ အဖြစ်မှန်ကို သိရဖို့ black ဟာ သူ့အရင်က မှတ်ဉာဏ်ကို ပြန်ဖော်ရပါတော့တယ် ။ cutsense တွေ dialogue တွေ ကြည့်ခြင်း ဖတ်ခြင်းအားဖြင့် ဇာတ်လိုက်အကြောင်း သိလာရမှာ ဖြစ်သလို ဂိမ်းထဲ ပတ်ဝန်းကျင်တွေကို စူးစမ်းလေ့လာခြင်းအားဖြင့် ၊ လူတွေကို မေးမြန်းစကားပြောခြင်းအားဖြင့် ကစားရင်း ဇာတ်လမ်းအကြောင်း တဖြည်းဖြည်း သိလာရမှာ ဖြစ်ပါတယ် ။ Get Even ဂိမ်းရဲ့ graphic ဟာ unreal engine အသုံးပြုထားကာ အခုခေတ်နည်းပညာနှင့် ပတ်ဝန်းကျင်ဆိုလည်း အပြင်က တကယ့် ပတ်ဝန်းကျင်အစစ်မျိုးဖြစ်အောင် ၊ လူဆိုလည်း တကယ့်လူအစစ်မျိုး ဖြစ်အောင် ဖန်တီးထားတာကြောင့် ကစားတဲ့အခါ တကယ့် ကမ္ဘာငယ်လေးထဲ ကိုယ်တိုင် ရောက်နေသလိုမျိုး ခံစားရမှာ ဖြစ်ပါတယ် ။ 

Get Even ဂိမ်းမှာ single player mode သာမက multiplayer mode ပါ ပါရှိပါတယ် ။ သူ့ multiplayer mode က ထူးခြားပါတယ် ။ single player mode နဲ့ တစ်ယောက်တည်း ကစားနေတဲ့အချိန်မှာ နောက်တစ်ယောက်က ဘယ်အချိန်မဆို ဝင်ပြီး ကစားရတဲ့ multiplayer mode ဖြစ်ပါတယ် ။ တစ်ယောက်တည်း ကစားတဲ့အချိန်မှာ ဇာတ်လိုက်ရဲ့ ရန်သူတွေကို computer က ထိန်းချုပ်နေပေမယ့် နောက်တစ်ယောက် ဝင်လာတဲ့အခါမှာတော့ အဲဒီ 2nd player ဖြစ်တဲ့ နောက်တစ်ယောက် က ရန်သူတွေရဲ့ နေရာကို အစားထိုးဝင်ရောက်သွားမှာ ဖြစ်ပါတယ် ။ ဇာတ်လိုက်ရဲ့ ရန်သူက ဝင်လာတဲ့ 2nd player ဖြစ်သွားပြီး အဲဒီ 2nd player က ဇာတ်လိုက်ရဲ့ အလုပ်တွေကို ဝင်ရောက် နှောင့်ယှက် ဖျက်ဆီးရမှာ ဖြစ်သလို ဇာတ်လိုက်နေရာက ကစားသူအနေနဲ့ သူကြုံတွေ့နေရတဲ့ ရန်သူဟာ computer က ထိန်းချူပ်ထားတာလား ဒါမှမဟုတ် နောက်ဝင်လာတဲ့ ကစားသူကပဲ ထိန်းချုပ်ထားတာလားဆိုတာ သိရမှာ မဟုတ်ပါဘူး ။

Get Even ဂိမ်းဟာ ၂၀၁၃ ခုနှစ်ကတည်းက စတင် ကြေညာခဲ့ပြီးနောက် လူအများ စိတ်ဝင်စားမှု အများဆုံးရရှိနေခဲ့တဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ် ။ Get Even ဂိမ်းဟာ PlayStation 4, Xbox One, နှင့် PC အတွက် လာမယ့် မေလ ၂၆ ရက်နေ့တွင် ဥရောပမှာ ထွက်ရှိလာတော့မှာ ဖြစ်ကြောင်း publisher Bandai Namco နှင့် developer The Farm 51 က ကြေညာလိုက်ပြီ ဖြစ်ပါတယ် ။ မြောက်အမေရိကမှာတော့ digital အနေနဲ့ ထွက်လာမှာ ဖြစ်ပြီး ထွက်မယ့်ရက်တော့ အတိအကျ မသိရသေးပါ ။

Steam Link => http://store.steampowered.com/app/299950/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s