​အသက္ဝင္ လႈပ္႐ွားလာမယ့္ အ႐ုပ္ေတြနဲ႔ အတူ ကစားရမယ့္ ဖုန္းဂိမ္း LightSeekers

ငယ္ငယ္တုန္းက အ႐ုပ္ေတြ ကိုင္ၿပီး ေဆာ့ကစားခဲ့ၾကတယ္ ။ ေလယာဥ္ပ်ံဆို ေလယာဥ္ပ်ံ႐ုပ္ကို ေလထဲ ပ်ံဝဲေနသလို လက္နဲ႔ကိုင္ၿပီး ပါးစပ္ကလည္း ေလယာဥ္ပ်ံအသံမ်ိဳး ဝီး…. ဝီး နဲ႔ကိုင္ေဆာ့ခဲ့ၾကတယ္ ။ အခုေတာ့ ကိုယ့္အ႐ုပ္ေတြ တကယ္ အသက္ဝင္သလိုမ်ိဳး ကိုင္ေဆာ့ရမယ့္ ဂိမ္းေပၚလာပါၿပီ ။ ဂိမ္းနာမည္က LightSeeker ပါတဲ့ ။ 
Pokemon Go မ်ိဳး ဖုန္းကင္မရာ အသံုးျပဳၿပီး အျပင္က ပတ္ဝန္းက်င္ေနာက္ခံမွာ ဂိမ္းတြင္း အေကာင္ေလးေတြ ေပၚလာတာ လိုက္ဖမ္းရသလိုမ်ိဳးပါပဲ ။ ဖုန္းကင္မရာကို အသံုးျပဳကာ အျပင္ကနဲ႔ ဂိမ္းနဲ႔ ေပါင္းစပ္ထားတဲ့ augmented reality ဂိမ္းတစ္ခု ျဖစ္ပါတယ္ ။ [trailer ထဲ ၾကည့္ရတာေတာ့ augmented reality က 20% ေလာက္ပဲ ပါတာ ေတြ႔ရတယ္] အဆိုပါ LightSeeker ဂိမ္းက Android နဲ႔ iOS အတြက္သာ ထြက္လာေတာ့မွာပါ ။ ဇာတ္လမ္းသြား အမ်ိဳးအစား ျဖစ္ၿပီး Free to Play (app in purchase) Online ဂိမ္းအေနနဲ႔ ထြက္လာေတာ့မွာ ျဖစ္ပါတယ္ ။
LightSeeker ဂိမ္းကို သူ႔ရဲ႕ Card ေတြနဲ႔ အ႐ုပ္ (figure) ေတြနဲ႔ ေပါင္းေဆာ့ရမွာ ျဖစ္ပါတယ္ ။ ဖုန္း သို႔မဟုတ္ တက္ဘလက္ ရဲ႕ ကင္မရာေ႐ွ႕မွာ သက္ဆိုင္ရာ Card ေလးခ်လိုက္တာနဲ႔ ဂိမ္းထဲမွာ ဒီ card ထဲက အေကာင္ေလး ခုန္ထြက္လာၿပီး သင့္ကို ကူညီေပးပါလိမ့္မယ္ ။ ဂိမ္းကေတာ့ ႐ိုး႐ွင္းပါတယ္ ။ နားလည္လြယ္တဲ့ skill ေတြ ability ေတြ level ေတြနဲ႔ map ကို (explore) စူးစမ္း႐ွာေဖြကာ ရန္သူေတြကို တိုက္ခုိက္ရင္း ဇာတ္လမ္းသြား ကစားရမွာ ျဖစ္ပါတယ္ ။ skill ေတြ ability ေတြ ဘယ္က ရမလဲ ဆိုေတာ့ card ေတြကေနရမယ္ အ႐ုပ္ေတြကေန ရမွာ ျဖစ္ပါတယ္ ။
အ႐ုပ္ကိုေရာ? ဘယ္လိုသံုးၿပီး ကစားရမွာလဲ? အ႐ုပ္နဲ႔ ဂိမ္းနဲ႔ကို Wifi သံုး Fusion Core ကေနတဆင့္ ခ်ိတ္ဆက္ၿပီး ဖုန္း သို႔မဟုတ္ တက္ဘလက္ စခရင္ကို ၾကည့္ကာ အ႐ုပ္ကို ကိုင္ၿပီး ကစားရမွာပါ ။ အ႐ုပ္ေတြမွာ CPU, RAM, Memory (16MB) စသျဖင့္ ကြန္ပ်ဴတာ အေသးစားေလး ပါပါတယ္ ။ လဲတပ္ႏိုင္တဲ့ battery လည္း ပါပါတယ္ ။ ဂိမ္းတြင္း ကိုယ့္အေကာင္ အထိနာတာနဲ႔ အျပင္က အ႐ုပ္ေလးလဲ တုန္ခါၿပီး အသံေတြနဲ႔ ေအာ္ေနမွာ ျဖစ္ပါတယ္ ။ အ႐ုပ္မွာ လက္နက္ေပါင္း ၃၀၀ ေက်ာ္ေတာင္ ႐ွိပါသတဲ့ ။ အျပင္က အ႐ုပ္မွာ လက္နက္တစ္ခု တပ္ဆင္လိုက္တာနဲ႔ ဂိမ္းထဲမွာ ကိုယ့္အေကာင္ အဆင့္ျမင့္သြားၿပီး ခုနက တပ္လိုက္တဲ့ လက္နက္ကို ဂိမ္းထဲမွာ အသံုးျပဳ လို႔ရသြားမွာ ျဖစ္ပါတယ္ ။ 
ဂိမ္းကေတာ့ free to play ျဖစ္ေပမယ့္ ဂိမ္းတြင္း ေဆာ့ရမယ့္ (character) အေကာင္ေတြကိုေတာ့ သပ္သပ္ ဝယ္ရမွာပါ ။ [ပိုက္ဆံ ကုန္ေပါက္ပဲ] အဲ့ဒီ ေဆာ့ရမယ့္ character ေတြက card ေတြ figure (အ႐ုပ္) ေတြ ျဖစ္ပါတယ္ ။ ဒါေပမယ့္ အ႐ုပ္ေတြကို လက္နက္ေတြတပ္ၿပီး ဖုန္း ၊ တက္ဘလက္ ဂိမ္းနဲ႔ တြဲလ်က္ ကိုင္ေဆာ့ရတာကိုက စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္ ။ ၉၀ ဝန္းက်င္ ေမြးတဲ့ သူေတြအတြက္ ရည္ရြယ္ၿပီး ထုတ္ထားသလားပဲ ။ 
ဂိမ္းနဲ႔ တြဲေဆာ့မယ့္ အ႐ုပ္ေတြကို ဝယ္ရမွာပါ ။ ဒီလို ဝယ္တဲ့ေနရာမွာ သင္က ေရြးဝယ္ရမွာမဟုတ္ပါဘူး ။ သင့္ဂိမ္းက ေရြးခ်ယ္ေပးပါလိမ့္မယ္ ။ LightSeeker အ႐ုပ္ေတြ႐ွိတဲ့ ေနရာမွာ သင့္ မိုဘိုင္းဖုန္းဖြင့္ၿပီး ဘယ္အ႐ုပ္က သင့္ဂိမ္းနဲ႔ ကိုက္မလဲဆိုတာ ႐ွာၾကည့္ရမွာပါ ။ LED မီးနဲ႔ မွိတ္တုတ္ မွိတ္တုတ္ အခ်က္ျပၿပီး အသံေတြ ထြက္ေနတယ္ဆိုရင္ ေသခ်ာၿပီ အဲ့ဒီအ႐ုပ္က သင္ဝယ္သင့္တဲ့ အ႐ုပ္ပါပဲ ။
ဂိမ္းကေတာ့ Starter pack အေနနဲ႔ အထဲမွာ character တစ္ေကာင္ ၊ Fusion Core တစ္ခုနဲ႔ ထြက္လာမွာ ျဖစ္ပါတယ္ ။ $70 ျဖင့္ ဇူလိုင္ ၁ ရက္ေန႔ကစ ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္ ။ ဆက္စပ္ပစၥည္းေတြကို $15 ျဖင့္လည္းေကာင္း ၊ Card ေတြပါဝင္တဲ့ Starter Deck ေတြကို Single player ကို $20 ၊ 2 player ကို $30 ျဖင့္ လည္းေကာင္း ဝယ္ယူရ႐ွိႏိုင္မွာ ျဖစ္ပါတယ္ ။
https://www.lightseekers.com/

Unicode

………..
ငယ်ငယ်တုန်းက အရုပ်တွေ ကိုင်ပြီး ဆော့ကစားခဲ့ကြတယ် ။ လေယာဉ်ပျံဆို လေယာဉ်ပျံရုပ်ကို လေထဲ ပျံဝဲနေသလို လက်နဲ့ကိုင်ပြီး ပါးစပ်ကလည်း လေယာဉ်ပျံအသံမျိုး ဝီး…. ဝီး နဲ့ကိုင်ဆော့ခဲ့ကြတယ် ။ အခုတော့ ကိုယ့်အရုပ်တွေ တကယ် အသက်ဝင်သလိုမျိုး ကိုင်ဆော့ရမယ့် ဂိမ်းပေါ်လာပါပြီ ။ ဂိမ်းနာမည်က LightSeeker ပါတဲ့ ။ 

Pokemon Go မျိုး ဖုန်းကင်မရာ အသုံးပြုပြီး အပြင်က ပတ်ဝန်းကျင်နောက်ခံမှာ ဂိမ်းတွင်း အကောင်လေးတွေ ပေါ်လာတာ လိုက်ဖမ်းရသလိုမျိုးပါပဲ ။ ဖုန်းကင်မရာကို အသုံးပြုကာ အပြင်ကနဲ့ ဂိမ်းနဲ့ ပေါင်းစပ်ထားတဲ့ augmented reality ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ [trailer ထဲ ကြည့်ရတာတော့ augmented reality က 20% လောက်ပဲ ပါတာ တွေ့ရတယ်] အဆိုပါ LightSeeker ဂိမ်းက Android နဲ့ iOS အတွက်သာ ထွက်လာတော့မှာပါ ။ ဇာတ်လမ်းသွား အမျိုးအစား ဖြစ်ပြီး Free to Play (app in purchase) Online ဂိမ်းအနေနဲ့ ထွက်လာတော့မှာ ဖြစ်ပါတယ် ။

LightSeeker ဂိမ်းကို သူ့ရဲ့ Card တွေနဲ့ အရုပ် (figure) တွေနဲ့ ပေါင်းဆော့ရမှာ ဖြစ်ပါတယ် ။ ဖုန်း သို့မဟုတ် တက်ဘလက် ရဲ့ ကင်မရာရှေ့မှာ သက်ဆိုင်ရာ Card လေးချလိုက်တာနဲ့ ဂိမ်းထဲမှာ ဒီ card ထဲက အကောင်လေး ခုန်ထွက်လာပြီး သင့်ကို ကူညီပေးပါလိမ့်မယ် ။ ဂိမ်းကတော့ ရိုးရှင်းပါတယ် ။ နားလည်လွယ်တဲ့ skill တွေ ability တွေ level တွေနဲ့ map ကို (explore) စူးစမ်းရှာဖွေကာ ရန်သူတွေကို တိုက်ခိုက်ရင်း ဇာတ်လမ်းသွား ကစားရမှာ ဖြစ်ပါတယ် ။ skill တွေ ability တွေ ဘယ်က ရမလဲ ဆိုတော့ card တွေကနေရမယ် အရုပ်တွေကနေ ရမှာ ဖြစ်ပါတယ် ။

အရုပ်ကိုရော? ဘယ်လိုသုံးပြီး ကစားရမှာလဲ? အရုပ်နဲ့ ဂိမ်းနဲ့ကို Wifi သုံး Fusion Core ကနေတဆင့် ချိတ်ဆက်ပြီး ဖုန်း သို့မဟုတ် တက်ဘလက် စခရင်ကို ကြည့်ကာ အရုပ်ကို ကိုင်ပြီး ကစားရမှာပါ ။ အရုပ်တွေမှာ CPU, RAM, Memory (16MB) စသဖြင့် ကွန်ပျူတာ အသေးစားလေး ပါပါတယ် ။ လဲတပ်နိုင်တဲ့ battery လည်း ပါပါတယ် ။ ဂိမ်းတွင်း ကိုယ့်အကောင် အထိနာတာနဲ့ အပြင်က အရုပ်လေးလဲ တုန်ခါပြီး အသံတွေနဲ့ အော်နေမှာ ဖြစ်ပါတယ် ။ အရုပ်မှာ လက်နက်ပေါင်း ၃၀၀ ကျော်တောင် ရှိပါသတဲ့ ။ အပြင်က အရုပ်မှာ လက်နက်တစ်ခု တပ်ဆင်လိုက်တာနဲ့ ဂိမ်းထဲမှာ ကိုယ့်အကောင် အဆင့်မြင့်သွားပြီး ခုနက တပ်လိုက်တဲ့ လက်နက်ကို ဂိမ်းထဲမှာ အသုံးပြု လို့ရသွားမှာ ဖြစ်ပါတယ် ။ 

ဂိမ်းကတော့ free to play ဖြစ်ပေမယ့် ဂိမ်းတွင်း ဆော့ရမယ့် (character) အကောင်တွေကိုတော့ သပ်သပ် ဝယ်ရမှာပါ ။ [ပိုက်ဆံ ကုန်ပေါက်ပဲ] အဲ့ဒီ ဆော့ရမယ့် character တွေက card တွေ figure (အရုပ်) တွေ ဖြစ်ပါတယ် ။ ဒါပေမယ့် အရုပ်တွေကို လက်နက်တွေတပ်ပြီး ဖုန်း ၊ တက်ဘလက် ဂိမ်းနဲ့ တွဲလျက် ကိုင်ဆော့ရတာကိုက စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။ ၉၀ ဝန်းကျင် မွေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားသလားပဲ ။ 

ဂိမ်းနဲ့ တွဲဆော့မယ့် အရုပ်တွေကို ဝယ်ရမှာပါ ။ ဒီလို ဝယ်တဲ့နေရာမှာ သင်က ရွေးဝယ်ရမှာမဟုတ်ပါဘူး ။ သင့်ဂိမ်းက ရွေးချယ်ပေးပါလိမ့်မယ် ။ LightSeeker အရုပ်တွေရှိတဲ့ နေရာမှာ သင့် မိုဘိုင်းဖုန်းဖွင့်ပြီး ဘယ်အရုပ်က သင့်ဂိမ်းနဲ့ ကိုက်မလဲဆိုတာ ရှာကြည့်ရမှာပါ ။ LED မီးနဲ့ မှိတ်တုတ် မှိတ်တုတ် အချက်ပြပြီး အသံတွေ ထွက်နေတယ်ဆိုရင် သေချာပြီ အဲ့ဒီအရုပ်က သင်ဝယ်သင့်တဲ့ အရုပ်ပါပဲ ။

ဂိမ်းကတော့ Starter pack အနေနဲ့ အထဲမှာ character တစ်ကောင် ၊ Fusion Core တစ်ခုနဲ့ ထွက်လာမှာ ဖြစ်ပါတယ် ။ $70 ဖြင့် ဇူလိုင် ၁ ရက်နေ့ကစ ရောင်းချတော့မှာ ဖြစ်ပါတယ် ။ ဆက်စပ်ပစ္စည်းတွေကို $15 ဖြင့်လည်းကောင်း ၊ Card တွေပါဝင်တဲ့ Starter Deck တွေကို Single player ကို $20 ၊ 2 player ကို $30 ဖြင့် လည်းကောင်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ် ။

https://www.lightseekers.com/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s