Devil May Cry 5 ဂိမ်းရဲ့ spin off တစ်ခုဖြစ်တဲ့ Devil May Cry 5: Visions of V မန်ဂါ ထွက်လာတော့မည်

Devil May Cry 5 ဂိမ်းမှာ spin off တစ်ခုအဖြစ် မန်ဂါစီးရီးတစ်ခု မကြာခင် ထွက်လာတော့မှာ ဖြစ်ပါတယ် ။ အဆိုပါ မန်ဂါစီးရီးရဲ့ အဓိကဇာတ်လိုက် ကတော့ V ပဲ ဖြစ်ပါတယ် ။

မန်ဂါကို Tomio Ogata က ရေးဆွဲထားတာဖြစ်ပြီး ပထမပိုင်းဟာ လာမယ့် ၂၀၁၉ ဧပရယ် ၂၇ ရက်နေ့မှာ LINE Manga မှာ ထွက်လာတော့မှာ ဖြစ်ပါတယ် ။ အပတ်စဉ် စနေနေ့တိုင်း အပိုင်းသစ် ထွက်လာမှာ ဖြစ်ပါတယ် ။ မန်ဂါထဲမှာ V မွေးဖွားလာတဲ့အချိန်ကအစ တခြားသူတွေကို ဘယ်လို တွေ့ဆုံခဲ့ပုံ စသဖြင့် ဂိမ်းဇာတ်လမ်းအဖြစ်အပျက် မတိုင်မီက မြုပ်ကွက်တွေ၊ အဖြစ်အပျက်တွေကို အသေးစိတ် ဖတ်ရှုရမှာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ အစပျိုးအခန်း ကို ဝက်ဘ်ဆိုက်မှာ တင်ထားပြီမို့ ဝက်ဘ်ဆိုက်မှာ သွားရောက်ဖတ်ရှုနိုင်နေပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် LINE Manga ဟာ ဂျပန်အတွက်ပဲ ရတဲ့အတွက် VPN ကျော်မှသာ ဝင်ရောက်ဖတ်ရှုလို့ရမှာ ဖြစ်ပါတယ် ။ LINE Manga => https://manga.line.me/product/periodic?id=Z0000410

Devil May Cry 5: Visions of V မန်ဂါကို ၂၀၁၉ ဧပရယ် ၂၇ ရက်နေ့ကစပြီး အပတ်စဉ် စနေနေ့တိုင်း အခန်းဆက်ထွက်လာတော့မှာ ဖြစ်ပါတယ် ။ Devil May Cry 5 ဂိမ်းကတော့ လက်ရှိမှာ PlayStation 4, Xbox One နှင့် PC မှာ ရရှိနေပြီ ဖြစ်ပါတယ် ။

Leave a comment