Little Nightmare 
ကလေးမလေးတစ်ယောက် သူမရဲ့ အိပ်မက်ဆိုးကနေ ထွက်ပြေးလို့ လွတ်မြောက်နိုင်ပါ့မလား?
Unicode
ကလေးမလေး က သူမရဲ့ အိပ်မက်ဆိုးကနေ ထွက်ပြေးလို့ လွတ်မြောက်နိုင်ပါ့မလား?
=============================
မြင်မြင်သမျှ စားဖို့ပဲ သိပြီး ကြောက်စရာကောင်းတဲ့ အကောင်ကြီးတွေ ပြည့်နှက်နေသော နေရာ ။ အဲဒီနေရာမှာ ကလေးမလေး တစ်ယောက် ပိတ်မိနေတယ် ။ သူမ နာမည်က Six ။ ဒီနေရာမှာ အိမ်ကြီးတစ်လုံးလိုမျိုး ဖြစ်ပြီး ကုတင်၊ ထိုင်ခုံ စတဲ့ လူအသုံးအဆောင် ပစ္စည်းတွေ ရှိနေတယ် ။ ဒါပေမယ့် ဒီအရာတွေ အကုန်လုံးဟာ သူမအနေနှင့် ကြည့်လိုက်လျှင် အလွန့်အလွန် ကြီးမားနေပါတယ် ။ သူမမှာ ပိုင်ဆိုင်တာဆိုလို့ မီးခြစ်လေး တစ်လုံးပဲ ရှိပါတယ် ။ အားလုံးနီးပါး မှောင်မဲနေတဲ့ ဒီနေရာကနေ ကလေးမလေး Six ထွက်ပြေး လွတ်မြောက်အောင် သင်ကူညီပေးရမှာပါ ။ အမှောင်ထဲမှာ ဖြေရှင်းရခက်တဲ့ ပဟေဠိ တွေ ၊ သင့်ကို အန္တရာယ် ပေးမယ့် အကောင်တွေ ၊ ထောင်ချောက်တွေ ၊ သင် သတိတချက်လွတ်တာနဲ့ သင့်ကို ဝါးမျိုဖို့ စောင့်နေတဲ့ အရာတွေ အများကြီး ရှိနေပါတယ် ။ ရှာဖွေဖော်ထုတ်စရာ လျှို့ဝှက်ချက်တွေ အများကြီး ရှိပြီး ထောင်ချောက်တွေလည်း ရှိနေတာမို့လို့ နေရာတိုင်း သတိထား စူးစမ်းလေ့လာရမှာ ဖြစ်ပါတယ် ။ သင့်အနေနဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်တဲ့အတွက် ပုန်းချိန်တန် ပုန်း ပြေးချိန်တန် ပြေးရမှာပါ ။ 
ကလေးမလေး Six က သူမရဲ့ အိပ်မက်ဆိုးကနေ ထွက်ပြေးလို့ လွတ်မြောက်နိုင်ပါ့မလား?
Little Nightmare ဂိမ်းဟာ Graphic မှာ unreal engine 4 သုံးထားတဲ့ Single player အမျိုးအစား puzzle platformer ဂိမ်းတစ်ခု ဖြစ်ပါတယ် ။
Little Nightmares ဂိမ်းဟာ ဧပရယ်လ ၂၈ ရက်နေ့မှာ PlayStation 4 ၊ Xbox One နှင့် PC အတွက် physical အနေနှင့်ရော digital အနေနှင့်ပါ ကမ္ဘာအနှံ့ ဖြန့်ချီတော့မှာ ဖြစ်ကြောင်း  Bandai Namco က ကြေညာလိုက်ပါတယ် ။
Limited “Six Edition” လည်း ထွက်ရှိလာမှာ ဖြစ်ပြီး အထဲမှာ 10-centimeter Six figurine, themed cage box, sticker board နှင့် exclusive poster တွေ ပါဝင်မှာ ဖြစ်ပါတယ် ။
Pre-orders လက်ခံနေပြီ ဖြစ်ပြီး အထဲမှာ ဂိမ်းထဲမှာသာ ရရှိနိုင်မယ့် “Upside-down Teapot” နှင့် “Scarecrow Sack” ပါဝင်ပါတယ် ။ PlayStation 4 နှင့် PC pre-orders တွေမှာတော့ original soundtrack (in digital format), an exclusive PlayStation 4 theme နှင့်  PC wallpaper (featuring The Janitor) တို့ ပါဝင်မှာ ဖြစ်ပါတယ် ။
Steam Link => http://store.steampowered.com/app/424840/
Advertisements