Total War Saga: TROY (သို့) မထွက်မီက free ပေးနှင့်သူ

Sega ရဲ့ Total War စီးရီးအတွက် နောက်ဆုံးပေါ်လက်ရာဖြစ်လာမဲ့ Total War Saga: TROY ဟာ Aug 13 မှာ Epic Games Store ပေါ်ကိုဦးစွာရောက်ရှိလာတော့မှာပါ။

ဂျပန်မီဂါပက်ဗလစ်ရှာကြီး Sega အနေနဲ့ သူ့ရဲ့ဒီ strategy ဂိမ်းသစ်ကို မထွက်ခင်ကတည်းကနေ ကြိုတင်ပြီး free ပေးဖို့ရာစီစဉ်ထားပြီးဖြစ်ပါတယ်။

Total War Saga: TROY ကို Epic Games Store ပေါ်ရောက်ရောက်ခြင်း ပထမဆုံးရက် (၂၄ နာရီအတွင်း) မှာ free ပေးသွားမှာဖြစ်ပြီး အဆိုပါ ၂၄ နာရီမကျော်လွန်မီ claim လိုက်မယ်ဆိုပါက ဝယ်ယူစရာမလိုပဲ မိမိအပိုင် (free to keep FOREVER) ဖြစ်သွားမှာပါ။

Total War fan တွေအနေနဲ့ အဆိုပါအခွင့်အရေးကိုလက်လွှတ်မခံသင့်ပဲ Aug 13 မှာ Epic Games Store အတွင်း မမေ့မလျော့ပဲရှိနေဖို့ရာလိုအပ်မှာဖြစ်ပါတယ်။

Creative Assembly မှရေးဆွဲကာ Sega မှဖြန့်ချိမည့် Total War Saga: TROY ကို Epic Games Store အတွက် ဦးစွာထွက်ရှိပေးသွားမည်ဖြစ်ပြီး Steam အတွက်ကိုတော့ တစ်နှစ်နောက်ကျပြီးမှ (Aug 13, 2021) သာထွက်ရှိပေးသွားမှာဖြစ်ပါတယ်။

Full blog post

Epic Games Store (Aug 13, 2020)

Steam (Aug 13, 2021)

ဂိမ်းအကြောင်း

Total War စီးရီးဟာ ကမ္ဘာတစ်ဝန်းမှာ သူ့ခေတ်ကာလက သူ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်း စစ်ပွဲကာလတွေကို အခြေခံယူ ဖန်တီးထားတဲ့ စီးရီးတစ်ခု ဖြစ်ပြီး သူ့ရဲ့ အဓိက ဂိမ်းပလေးကတော့ Civilization ဂိမ်းစတိုင် map ပုံစံ၊ အလှည့်ကျစနစ်နဲ့ သွားရတဲ့ turn-based movement မှာ real time field battle ပေါင်းစပ်ထားတာကြောင့် strategy ဂိမ်းတွေထဲမှာ ကွဲပြားစွာရပ်တည်နေတဲ့ နာမည်ကြီး ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ map တခုတည်းမှာ unit မြောက်များစွာ ပါဝင်ပြီး real-time field battle ဆိုတဲ့အတိုင်း စစ်မြေပြင်ပေါ်မှာ ကိုယ့်စစ်သား ရန်သူ့စစ်သား တိုက်ခိုက်နေကြတာကို တယောက်ချင်းစီ ပြုမူနေတာကအစ တိုက်ပွဲတခုလုံးကို အနီးကပ်ကြည့်နိုင်တာဟာ Total War ဂိမ်းရဲ့ ထူးခြားမှုတစ်ခုပါပဲ ။

Total War ဂိမ်းစီးရီးမှာ မြို့တည်ဆောက်ရတာ ပါပေမယ့် Civilization လိုမျိုး မြို့တည်ပြီး မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ အသေးစိတ်ကွပ်ကဲရတာမျိုး မဟုတ်ပဲ စစ်ရေးစစ်ရာမှာ အဓိကထားကာ အပြင်ကနဲ့ တထပ်တည်းကျအောင် အသေးစိတ်ထည့် ဖန်တီးထားတဲ့ ဂိမ်းစီးရီးတစ်ခုပါ ။ မြေပြင်အနေအထားဟာ စစ်ဗျူဟာချရာမှာ အကျိုးသက်ရောက်မှုရှိနေတာ၊ မြင်းတပ်၊ မြှားတပ် စတဲ့ စစ်တပ်တွေမှာ အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြတာ၊ တပ်တစ်တပ်ရဲ့ စိတ်ဓာတ်ခွန်အားလွှမ်းမိုးမှုဟာ တိုက်ပွဲ အနိုင်အရှုံးအပေါ် တာ သွားတာ၊ တပ် တစ်တပ်ချင်းစီကို ချီတက်ပုံ ချီတက်နည်း တိုက်ခိုက်နည်းတွေကအစ ကိုယ်လိုသလို ထိန်းချုပ်ကွက်ကဲနိုင်တာ၊ ရေတပ် တိုက်ပွဲအတွက် အသေးစိတ်ကျတဲ့ စစ်နည်းဗျူဟာ စသဖြင့် စစ်မှုရေးရာနှင့် ပတ်သက်တာ အသေးစိတ်ပါဝင်နေတာပဲ ဖြစ်ပါတယ် ။

Creative Assembly က ဖန်တီးထားပြီး Sega က ဖြန့်ချီပေးမယ့် Total War Saga: Troy ဂိမ်းကတော့ ကမ္ဘာ့သမိုင်းမှာထင်ရှားခဲ့တဲ့ ထရိုဂျန်စစ်ပွဲ ဖြစ်ပွားခဲ့ရာ ထရွိင်နိုင်ငံ နှင့် ဂရိနိုင်ငံတို့အကြား အနှစ် နှစ်ဆယ် စစ်ပွဲကာလကို အဓိထားထားတာ ဖြစ်ပါတယ် ။ Epic Games Store အတွက် ဦးစွာထွက်ရှိပေးသွားမည်ဖြစ်ပြီး Steam အတွက်ကိုတော့ တစ်နှစ်နောက်ကျပြီးမှ (Aug 13, 2021) သာထွက်ရှိပေးသွားမှာဖြစ်ပါတယ်။

 

Leave a comment