E3 2019 ရဲ့ လူစိတ်ဝင်စားမှု အများဆုံး ဂိမ်းများ

Cyberpunk 2077

ပရိသတ်အချစ်တော် Keanu Reeve နဲ့ ဂိမ်မာတွေရဲ့ စိတ်ဝင်စားမှုကို သိမ်းကြုံးယူသွားတဲ့ E3 ရဲ့ ဂိမ်းတစ်ခုပေါ့ ။ Witcher ဂိမ်း ဖန်တီးသူ CD Projeck က ဖန်တီးထားတဲ့ ဒီ Cyberpunk 2077 ကတော့ ဗရုတ်သုတ်ခဖြစ်နေတဲ့ အနာဂတ်ကာလ Sci-fi ကမ္ဘာကြီးကို နောက်ခံထားထားပါတယ် ။ Dexus Ex လို ဇာတ်လိုက်က လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းနဲ့ ပန့်ခ်စတိုင် ဖြစ်ပြီး first person view နဲ့ ကစားရမှာပါ ။ player တွေအနေနဲ့ ကိုယ်ကစားမယ့် character ကို ယောကျာ်း မိန်းမ ကြိုက်သလို ရွေးချယ်လို့ရသလို ဆံပင်အရောင်ကစ ခြေအဆုံး အသေးစိတ် ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ် ။ ခေတ်လွန်ကာလ အပြင်အဆင်တွေနဲ့ အိပ်မက်ကမ္ဘာဆန်ဆန် ပြောင်ပြောင်လက်လက် အဆောက်အအုံတွေနဲ့ open world ညပျော်မြို့ကြီးမှာ ဇာတ်လမ်းသွားကစားရမှာ ဖြစ်ပါတယ် ။ 18 plus အခန်းတွေလည်း များမှာမို့ ၁၈ နှစ်အောက် မကစားရလို့ ကြိုတင်သတင်းထွက်ထားတဲ့ ဂိမ်းတစ်ခုပါပဲ ။

Platforms: PS4, Xbox One, PC
Release Date: 16 April 2020

Star Wars Jedi: Fallen Order

စတားဝါးဖန်တွေ စောင့်မျှော်နေကြတဲ့ Star War ဂိမ်းအသစ် ထွက်လာပါပြီ ။ Star War Jedi: Fallen Order မှာ Jedi Padawan Cal Kestis နေရာက ကစားရမှာပါ ။ အမေရိကန်သားသရုပ်ဆောင် Cameron Monaghan ပုံယူပြီး ဖန်တီးထားတာ တွေ့ရမှာ ဖြစ်ပါတယ် ။ ဒီ Star War ဂိမ်းလည်း E3 2019 မှာ ဂိမ်မာတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့တဲ့ ဂိမ်းတစ်ခုပါပဲ ။ ဇာတ်လမ်းကတော့ Revenge of the Sith နောက်ပိုင်းမှာ ဇာတ်အိမ်ထားတာ ဖြစ်ပါတယ် ။

E3 demo ပြသွားတဲ့အထဲမှာ အဓိကဇာတ်ကောင် Jedi Padawan Cal Kestis ဟာ နံရံပေါ် ဖြတ်ပြေးလျှောက်တာတွေ တွဲလောင်းခိုတာတွေ နောက်ပြီး သူ့ဘေးပတ်ပတ်လည်က အရာတွေကို သူကြိုက်သလို အချိန်ကို နှေးပစ်လိုက်တာတွေ light saber ကို တဝူးဝူးနဲ့ ဝှေ့ယမ်းချပြတာတွေ တွေ့ရပါတယ် ။ Jedi တစ်ယောက်ရဲ့ ပါဝါအစွမ်းတွေနဲ့အတူ boss fight လို့ ထင်ရတဲ့ ပင့်ကူကောင်ကို ချပြသွားတာ တွေ့ရပါတယ် ။ ထူးခြားတာကတော့ သူ့ကျောပေါ်မှာ တွယ်ကပ်နေတဲ့ Cal ကို လိုအပ်တာတွေကို နောက်ကနေ ထောက်ပံ့ပေးနေတဲ့ ချစ်စရာကောင်းတဲ့ စက်ရုပ်ကလေးပါပဲ ။

God of War ဂိမ်းဖန်တီးတဲ့နေရာမှာ ပါဝင်ခဲ့ဖူးသူလည်းဖြစ် ယခု Star Wars Jedi: Fallen Order မှာ ဂိမ်းဒါရိုက်တာဖြစ်သူ Stig Asmussen က “ကျွန်တော်တို့အပါအဝင် စတားဝါးဖန်အများစုဟာ ခက်ခဲကြမ်းတမ်းခဲ့တဲ့ လူသိမခံခဲ့ကြတဲ့ အဖြစ်အပျက်မျိုး သိရဖို့လုပ်တဲ့အပိုင်းမှာ ပိုစိတ်ဝင်စားကြတဲ့အတွက် အန္တရာယ်များတဲ့အချိန်ကာလ လျှို့ဝှက်ချက်များတဲ့ အချိန်ကာလတွေကို ရှာဖွေဖော်ထုတ်ရတဲ့ ပုံစံမျိုး လုပ်ချင်ခဲ့ကြပါတယ် … အခု Star Wars Jedi: Fallen Order မှာတော့ Lucasflim အဖွဲ့သားတွေ ဂိမ်း universe အကြောင်း ပြီးပြည့်စုံအောင် ပံ့ပိုးကူညီပေးမှုနဲ့ ဒီဂိမ်းကို ဇာတ်လမ်းအပိုင်း ပိုပြီး စိတ်ဝင်စားအောင် အထွတ်အထိပ်ဖြစ်အောင် ဖန်တီးထားတာမို့ light saber နဲ့ ခပ်မိုက်မိုက် အနီးကပ် တိုက်ကွက်တွေ Jedi ရဲ့ ပါဝါစွမ်းအားတွေနဲ့အတူ ကစားသူကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ဂိမ်းက ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောထားတာမို့ ဂိမ်းဘယ်လောက်ကောင်းမလဲဆိုတာကို စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ် ။

Platform(s): PS4, Xbox One, PC
Release date: November 15, 2019

Elden Ring

Netflix ရဲ့ နာမည်ကြီး စီးရီး Game of Throne ဒါရိုက်တာ George R.R. Martin နှင့် ဂိမ်မာအားပေးမှု အများဆုံးရရှိထားတဲ့ Dark Souls, Sekiro: Shadow dies twice ဂိမ်းဖန်တီးသူ FromSoftware ဒက်ဘလော်ဘာ Hidetaka Miyazaki တို့ ပူးပေါင်းဖန်တီးမယ့် ဂိမ်းတစ်ခုပေါ့ ။ ဂိမ်းဖန်တီးရှင်တွေကို ကြည့်လိုက်ရင် ဒီ Elden Ring ဂိမ်းဟာ ကောင်းမယ်လို့ သေချာသလောက် ရှိနေပြီး ဘာတွေနဲ့ ထူးထူးခြားခြားထွက်လာမလဲ ဂိမ်းက ဘယ်လိုနေမှာလဲ ဆိုတာ ဂိမ်မာအများစုက သိချင်နေကြပါပြီ ။ ဒါပေမယ့် E3 2019 မှာ Elden Ring ထွေလာအနည်းငယ်ကလွဲလို့ ကျန်တာ ဘာတစ်ခုမှ ပြမသွားခဲ့တာက ဝမ်းနည်းစရာပါ ။

ထွေလာအရ ခန့်မှန်းရရင်ဖြင့် Elden Ring မှာ ဗိုက်ကင်းပုံ သံချပ်ကာအကျႌအဝတ်အစားကို မြင်လိုက်ရတဲ့အတွက် နော့စ်ဒဏ္ဍာရီကို အခြေခံထားတယ်လို့ ထင်ရပါတယ် ။ ဒက်ဘလော်ဘာကလည်း open world action RPG လို့လည်း ပြောထားပါတယ် ။ ပြီးတော့ FromSoftware ကလုပ်မှာ ဖြစ်တဲ့အတွက် ဂိမ်းနောက်ခံက အမှောင်စိတ်ကူးယဉ်ကမ္ဘာအသွင် ဖြစ်မှာကတော့ သေချာနေပါပြီ ။ Dark Soul လို character creating စတိုင်နဲ့ RPG ဖြစ်မယ်လို့ ထင်ရပါတယ် ။

Platforms: PC, Xbox One, PS4
Release Date: TBD

Blair Witch

ပိန်းပိတ်အောင် မှောင်နေပြီး ကျောချမ်းစရာကောင်းတဲ့ သစ်တောအုပ်ထဲ သင်ရောက်နေတယ် ။ လက်ထဲမှာ ကင်မရာတစ်လုံးနဲ့ ။ ကြောက်စရာကောင်းတဲ့အကောင်တွေ အမှောင်ထဲမှာ သွားလာနေတယ် ။ အဲ့ဒါကတော့ ဘယ်လိုမှဖြေရှင်းလို့မရတဲ့ ပုစ္ဆာတစ်ပုဒ်လို အဖြစ်အပျက်တွေနဲ့ လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတဲ့ ပုံစံနဲ့ ဇာတ်လမ်းဖွဲ့ထားတဲ့ Blair Witch ဆိုတဲ့ first person view နဲ့ ကစားရမယ့် survival/ psychological horror ဂိမ်းပါ ။ Blair Witch ဆိုတဲ့ ဇာတ်ကားနောက်ခံကို ယူပြီး ဂိမ်းဖန်တီးထားတာ ဖြစ်ပါတယ် ။ အခုထက်ထိတော့ ဂိမ်းပလေးအကြောင်း မသိရသေးပေမယ့် ပြသွားတဲ့ E3 ထွေလာထဲမှာတော့ Alan Wake နှင့် Outlast ဂိမ်းပလေးလိုမျိုး မြင်လိုက်ရပါတယ် ။

ဇာတ်လမ်းကတော့ ဇာတ်ကားအဖြစ်အပျက်ရဲ့ ၂ နှစ်အကြာ ၁၉၉၆ စက်တင်ဘာလမှာ အလုပ်ထွက်လိုက်ပြီဖြစ်တဲ့ ရဲသား Ellis နေရာကစားရမှာပါ ။ Ellis ဟာ Peter Shannon လို့ အမည်ရတဲ့ ကလေးတစ်ယောက် ပျောက်နေတာကို ရှာဖို့ Black Hills သစ်တောထွက် ဝင်ပါတယ် ။ လက်ထဲမှာ camcorder တစ်လုံးနဲ့ ဓာတ်မီးတစ်လက်နဲ့ပေါ့ ။ ကောင်လေးရဲ့ ခြေရာကို လိုက်ရင်းနဲ့ တောနက်ထဲ ရောက်မှန်းမသိ ရောက်လာတယ် ။ အဲ့ဒီမှာ သာမန်မဟုတ်တာတွေ ထူးဆန်းတာတွေ စကြုံရတော့တာပါပဲ ။

မိုက်ခရိုဆော့ဖ် E3 မှာ ဒက်ဘလော်ဘာက ပြသွားတာဖြစ်ပြီး Xbox One နှင့် PC အတွက် ဒီနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ ထွက်မယ့်အကြောင်းပါ တခါတည်း ကြေညာသွားတာ ဖြစ်ပါတယ် ။ Xbox Game Pass မှာလည်း ရရှိနိုင်မှာ ဖြစ်ပါတယ် ။

Platforms: Xbox One, PC
Release Date: 30 August 2019

Ghostwire: Tokyo

E3 2019 မှာ ပြသွားတဲ့အထဲ လူတွေ စိတ်ဝင်စား အောင် လုပ်သွားခဲ့တဲ့ ဂိမ်းတစ်ခုကတော့ The Evil Within ဂိမ်းဖန်တီးရာမှာပါဝင်ခဲ့တဲ့ စတူဒီယိုက ဖန်တီးထားတဲ့ horror အငွေ့အသက်တွေပါတဲ့ action adventure ဂိမ်းတစ်ခုဖြစ်တဲ့ Ghostwire Tokyo ဂိမ်းပါပဲ ။ Tango Gameworks တည်ထောင်သူ Shinji Mikami နှင့် အဆိုပါဂိမ်းရဲ့ ဒါရိုက်တာ Ikumi Nakamura တို့က Bethesda E3 2019 မှာ မိတ်ဆက်ပြသွားခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဂိမ်းရဲ့ ဇာတ်လမ်းပုံစံ အနေအထားကို ပြသွားခဲ့ပေမယ့် ဘယ် ပလက်ဖောင်းမှာ ထွက်မယ် ဘယ်ရက်မှာ ထွက်မယ်ဆိုတာကိုတော့ ကြေညာမသွားခဲ့ပါဘူး ။

Ghostwire: Tokyo ဂိမ်းဟာ သဘာဝလွန်မကောင်းဆိုးဝါးတွေ နှောင့်ယှက်သောင်းကျန်းနေတဲ့ တိုကျိုမြို့ကြီးမှာ အခြေခံ ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ် ။ Ghostwire Tokyo ဟာ ကန့်သတ်ချက်များတဲ့ survival ဂိမ်းမဟုတ်ပဲ တစ်စုံတစ်ခု လျှို့ဝှက်ကြံစည်မှု (ဥပမာ လူသတ်မှုလို စုံစမ်းရ) ရှာဖွေဖော်ထုတ်ရတာ ၊ ပတ်ဝန်းကျင် စူးစမ်းလေ့လာရတာ ၊ ပုန်းနေတဲ့အရာ ရှာတွေ့ဖို့ ခက်တဲ့အရာတွေ ရှာဖွေဖော်ထုတ်ရတာတွေနဲ့ ဂိမ်းကစားသူကို စိန်ခေါ်ထားပါတယ် ။ ထွေလာထဲမှာ နေ့တိုင်းအသက်ရှင်လှုပ်ရှားနေတဲ့ တိုကျိုမြို့ကြီးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြောင်းလဲသွားတယ် ။ လမ်းမှာ သွားလာနေတဲ့ လူတွေဟာ ခြေရာလက်ရာမကျန် အကုန် အငွေ့ပျံသွားသလို ရုတ်ချည်း ပျောက်သွားပြီး သူတို့ရဲ့ အကျီႌ အသုံးအဆောင်ပစ္စည်းပုံတွေပဲ ကျန်ရစ်တယ် ။

အမည်မသိ သဘာဝလွန် မကောင်းဆိုးဝါးအကောင်တွေ လမ်းပေါ်မှာ ပေါ်လာတယ် ။ သူတို့ဟာ လူလိုမျိုးပဲ ဒါပေမယ့် လက်သည်းအရှည်ကြီးတွေ ရှိကြတယ် ။ မီးနဲ့ လျှပ်စစ်ကို ကြိုက်သလို ချုပ်ကိုင်နိုင်တယ် ။ ကစားသူလည်း မခေပါဘူး ။ သဘာဝလွန်စွမ်းအားတွေ ရှိနေပါတယ် ။ ပြီးတော့ တိုက်ရည်ခိုက်ရည်မှာရော တခုခု ထိန်းချုပ်တဲ့နေရာတွေမှာလည်း နင်ဂျာတစ်ယောက်လို ကျွမ်းကျင်မှုတွေ ရှိနေပါတယ် ။

ထွေလာနောက်ဆုံးမှာ စာသားတစ်ခုနဲ့ အဆုံးသတ်လိုက်တာ မြင်ရပါတယ် ။ အဲ့ဒီ စာသားကတော့ “Don’t fear the unknown. Attack it.”

Platforms: မသိရသေး
Release date: မသိရသေး

Tales of Arise

Tale စီးရီးဂိမ်းတွေ ဖန်တီးတဲ့နေရာမှာ ဝါရင့်သမားတွေ ပြုလုပ်ဖန်တီးထားတဲ့ ၁၇ ခုမြောက် Tale စီးရီးအသစ် ။ အနောက်နိုင်ငံဂိမ်းစျေးကွက်မှာ ထိုးဖောက်ဖို့အတွက် အနောက်တိုင်းအငွေ့အသက်ပါအောင် ဖန်တီးတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ Tale စီးရီးသမားတွေ အကြိုက်ဖြစ်မယ့် ဂိမ်းတစ်ခုပါပဲ ။

Tale of Arise ဂိမ်းဟာ အက်ရှင် ဇာတ်လမ်းသွားဂိမ်း (Action role playing) အမျိုးအစားဖြစ်တယ်လို့သာ သိရပြီး ဂိမ်းပလေး မပြသေးတာကြောင့် အခုထိ ဘာမှန်း မသိရသေးပါဘူး ။ ဇာတ်လမ်းကတော့ အလယ်ခေတ်အသွင် ယူထားတဲ့ Dahna ဆိုတဲ့ ကမ္ဘာနဲ့ Rena ဆိုတဲ့ ကမ္ဘာ ၂ ခုကြား ဇာတ်အိမ်တည်ထားပါတယ် ။ Rena ဟာ မှော်ပညာပိုင်း ဆိုင်ရာမှာရာ စက်မှုလက်မှုအပိုင်းဆိုင်ရာမှာပါ လုံးဝ တိုးတက်နေတဲ့ ကမ္ဘာဖြစ်ပြီး Dahna ကမ္ဘာကို အုပ်စိုးထားပြီး Dhana က အရင်းအမြစ်တွေအပေါ် လက်ဝါးကြီးအုပ်၊ လူတွေကိုလည်း ကျွန်သာသာ သဘောထားပြီး ဆက်ဆံအမြတ်ထုတ်တယ် ။ ဇာတ်လိုက်တွေကတော့ Dhana က Alphen ဆိုတဲ့ကောင်လေးနဲ့ Rena က Shionne ဆိုတဲ့ကောင်မလေး ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ ကံကြမ္မာအရ အတူတူခရီးသွားရဖို့ အကြောင်းဖန်လာတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။

Platform(s): PS4, Xbox One, PC
Release Date: 2020

Deathloop

Bethesda ရဲ့ E3 ကွန့်ဖရင့်မှာ Arkane Studios က ဂိမ်းအသစ် Deathloop ကို ကြေညာလိုက်ပါတယ် ။ Arkane Studios ကတော့ Dishonored နှင့် Prey ဂိမ်းဖန်တီးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ဂိမ်းစတူဒီယိုတစ်ခုပါ ။

ဂိမ်းကတော့ first person အက်ရှင်ဂိမ်းတစ်ခု ဖြစ်ပြီး ဥပဒေမရှိ ပျက်စီးနေတဲ့ Black Reef ဆိုတဲ့ ကျွန်းကို နောက်ခံထား ဇာတ်လမ်းဖွဲ့ထားတာ ဖြစ်ပါတယ် ။ အဓိကဇာတ်ကောင်ကတော့ assassin ၂ ယောက်ဖြစ်ပြီး သေသွားတဲ့အခါ တဖန်ပြန်နှိုးထလာပြီး အစကနေပြန်စတတ်တဲ့ အချိန်ကွင်းဆက်ထဲ ပိတ်မိနေသူ ၂ ယောက်ပါ ။ ဒီဘဝ ဒီအဖြစ်အပျက်တွေကိုပဲ အပြန်ပြန်အလှန်လှန် ဖြစ်ပျက်နေတာပါ ။ assassin ၂ ယောက်မှာ တစ်ယောက်က အဲ့ဒီအချိန်ကွင်းဆက်ကို အဆုံးသတ်ပစ်ချင်တယ် နောက်တစ်ယောက်က အချိန်ကွင်းဆက်ကို ထိန်းသိမ်းထားချင်တယ် ။ ရည်ရွယ်ချက်မတူတဲ့ သူတို့ ၂ ယောက် ဒါနဲ့ပဲ တစ်ယောက်ကို တစ်ယောက်က သတ်ဖို့ ကြိုးစားကြတဲ့ ကံကြမ္မာဖြစ်လာတော့တယ် ။ ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ရုပ်ထွက် ၊ သေချာတွက်ချက်ပြီး စီစဉ်ထားတဲ့ level ဒီဇိုင်း ၊ နစ်မျောသွားစေမယ့် ဂိမ်းပလေး ဇာတ်လမ်းနဲ့ Deathloop ဂိမ်းမှာတော့ သင် မသေစေပါနဲ့လေ ။

Platform: မသိရသေး
Release Date: TBD

Watch Dog Legions

နှစ်အတော်ကြာ ပျောက်နေခဲ့တဲ့ Watch Dog စီးရီးလည်း ဂိမ်းအသစ် ထွက်လာပါပြီ ။ Watch Dog Legions ပါတဲ့ ။ Watch Dog Legions ဂိမ်းရဲ့ ဇာတ်လိုက်က တစ်ယောက်တည်းမဟုတ်တော့ပါဘူး ။ ဇာတ်ကောင်အများကြီးနဲ့ ဖြစ်သွားပြီး ဒီ ဇာတ်ကောင်တွေဟာ class ၃ မျိုးနဲ့လာမှာ ဖြစ်ပြီး တစ်ကောင်ချင်းစီမှာ သူ့နောက်ကြောင်းရာဇဝင်၊ Stats တွေ၊ abilities တွေ ကိုယ်စီနဲ့ ဇာတ်လမ်းသွားကစားရမှာပါ ။ Watch Dog ဂိမ်းတို့ ထုံးစံ နည်းပညာဟက်ကင်းအပိုင်းက အဓိက ပါမှာဖြစ်ပြီး အဲ့ဒီ နည်းပညာအပိုင်းမှာ ယခုမျက်မှောက်ခေတ်ကဟာတွေရော ခေတ်လွန်နည်းပညာအပိုင်းတွေပါ ထည့်ထားပါတယ် ။ လန်ဒန်မြို့ကြီးမှာပဲ အခြေခံဖန်တီးထားပါတယ် ။

Platform(s): PC, PS4, Xbox One, Google Stadia
Release Date: March 6, 2020

The Outer Worlds

The Outer Worlds ဂိမ်းလေးဟာ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ သင်ဟာ ဂလက်ဆီအဆုံးမှာရှိတဲ့ ဂြိူလ်ကြီးဆီကို လူတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ အာကာသယာဉ်တစ်စီးပေါ်မှာပါ ။ ဒါပေမယ့် အဲ့ဒီ အာကာသယာဉ်က သွားရင်းနဲ့ လမ်းပျောက်သွားတယ် ။ ဒီ အာကာသယာဉ်ဟာ လူတွေကို cryosleep နဲ့ အချိန် အများကြီးကြာအောင် အိပ်နေအောင်လုပ်ပြီး ဂြိုလ်တစ်ဂြိုလ်ဆီ သယ်ဆောင်ပေးနေတဲ့ ယာဉ်ပါ ။ ဆိုတော့ ယာဉ်က လမ်းပျောက်သွားတော့ သင်ဟာ အဲ့ဒီယာဉ်ထဲမှာ နှစ် ၇၀ ကြာအောင် အိပ်လိုက်ရပြီး တနေ့မှာတော့ သိပ္ပံပညာရှင်တစ်ယောက်က သင့်ကို Cryosleep ကနေ နိုးထလာအောင် လုပ်နိုင်ခဲ့တယ် ။ သိပ္ပံပညာရှင်က သင့်ကို တောင်းဆိုတယ် ။ ကျန်တဲ့သူတွေကိုလည်း cryosleep ကနေနှိုးထလာအောင် လုပ်ပေးဖို့ ။ ဒါပေမယ့် သင် ထလာတဲ့အချိန်မှာ အပြင်မှာ အခြေအနေတွေက ပြောင်းကုန်နေပြီ ။ ဒီတော့ သင်ဟာ သိပ္ပံပညာရှင်ကို ကူညီပြီး cryosleep နဲ့ အိပ်နေတဲ့သူတွေကို ထလာအောင် လုပ်မလား? ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ပေါင်းပြီး သိပ္ပံပညာရှင်ကို ထိုးအပ်လိုက်မလား? ဒါမှမဟုတ် တစ်ယောက်တည်း ထွက်သွားပြီး ကိုယ့်လမ်းကိုယ်ရှာမလား? ဒါတွေကတော့ မတူညီတဲ့ အဆုံးသတ်တွေရှိတဲ့ ကွဲပြားတဲ့ ဇာတ်လမ်းခွဲတွေ အများကြီးနဲ့ The Outer Worlds ရဲ့ အစပါပဲ ။

ဂိမ်းပလေးကတော့ first person shooter အမျိုးအစား ဖြစ်ပြီး ကိုယ်ကိုင်တဲ့ character မှာ skill (strength, intelligence.. …) တွေ ရှိမယ် ။ upgrade တွေ ရှိမယ် ။ လက်နက်တွေက ပစ်စတို ၊ လေဆာရိုင်ဖယ် စတဲ့ သေနတ်တွေအပြင် အနီးကပ်ချလို့ရတဲ့ လက်နက် (ဥပမာ ဓား) တွေရှိမယ် ။ နောက်ပြီး ကိုယ်နဲ့အတူတူ လိုက်ပါမဲ့ companions တွေပါ ပါဦးမှာ ဖြစ်ပါတယ် ။

Platform(s): PC, PS4, Xbox One
Release Date: October 25, 2019

Dying Light 2

Survival Horror/ Zombie အမျိုးအစား Dying Light ဂိမ်းရဲ့ အဆက် Dying Light 2 ကို E3 မှာ မြင်ခဲ့ရပါပြီ ။ Dying Light 2 ရဲ့ အဓိကဇာတ်ကောင်ကတော့ Aiden Caldwell ပါပဲ ။ သူဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက်မှာ အသက်ရှင်ကျန်ရစ်သူဖြစ်ပြီး တိုက်မြင့်တွေ ခုန်ပျံကျော်လွှား၊ နံရံပေါ် ဖြတ်လျှောက်ပြေးတာတို့ လုပ်နိုင်တဲ့ လူစွမ်းကောင်းတစ်ယောက်ပါ ။

ရှေ့ဂိမ်းဇာတ်လမ်းရဲ့ ၁၅ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး သင့်ရဲ့ မစ်ရှင်ကတော့ “လူသားမျိုးနွယ်စုကြီးရဲ့ အနာဂတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိတဲ့ အရာ” တစ်ခုကို ရှာဖွေပြီး ပြန်လုယူရမှာပါ ။ ဆိုတော့ အဲ့ဒီအရာကဘာလဲ? ဒက်ဘလော်ဘာက Dying Light 2 ရဲ့ မြေပုံဟာ Dying Light 1 ထက် ၄ ဆ ပိုကျယ်ပြန့်မှာ ဖြစ်ပေမယ့် လုံးဝ open world sandbox စတိုင် မဟုတ်ပါဘူး ။ crafting မှာ ပိုထည့်ထားတဲ့အတွက် လက်နက်မှာ ပေါင်းထည့်စရာ combo 50 လောက် ရှိမှာ ဖြစ်တယ်လို့ ပြောထားပါတယ် ။

Platform(s): PC, PS4, Xbox One
Release: Q1/Q2 2020

Pokemon Sword and Pokemon Shield

E3 မတိုင်ခင် နီတင်းဒိုးဟာ သူ့ရဲ့ Nintendo direct မှာ ပိုကီမွန်ဂိမ်းမျိုးဆက် ၈ ဆက်မြောက်ဖြစ်တဲ့ Pokemon Sword and Pokemon Shield ဂိမ်းအကြောင်းနဲ့ ထွက်မယ့်ရက်ကို ကြေညာခဲ့ပါတယ် ။ ဒီမတိုင်ခင် အစောပိုင်းတုန်းကလည်း အဆိုပါဂိမ်းကို စတင်မိတ်ဆက်ပြခဲ့ပြီးပါပြီ ။ ပြီးတော့ E3 မှာလည်း ပြခဲ့သေးပါတယ် ။

အရင်ကတည်းကရှိနေပြီးသား ပါနေကျ ပိုကီမွန်လေးတွေ ၊ legendary ပိုကီမွန်လေးတွေ ၊ ယခုဂိမ်းနဲ့အတူ ထွက်လာမယ့် ပိုကီမွန်လေးတွေ အပြင် ၄ ယောက်အထိ အဖွဲ့လိုက် ကစားနိုင်မယ့် 4 co-op Raid ၊ Raid battle တွေအပြင် ပိုကီမွန်ဂိမ်းရဲ့ open world ကြီးကိုပါ ပြသွားခဲ့ပြီးပါပြီ ။ ဒက်ဘလော်ဘာက ပိုကီမွန်အကောင် ၈၀၀ နှင့်အထက်ပါလာမယ်လို့ ပြောထားပါတယ် ။

Platform: Nintendo Switch
Release Date: 15 November 2019

Final Fantasy 8 Remastered

Square Enix က E3 မှာ တခုပြီးတခု ကြေညာသွားရင်းနဲ့ လူတွေ အံ့သြသွားအောင် လုပ်ခဲ့တဲ့ ကြေညာချက် တစ်ခု ရှိခဲ့ပါတယ် ။ အဲ့ဒါကတော့ Final Fantasy 8 ဟာ remastered version နဲ့ ပြန်ထွက်လာတော့မဲ့ ကြေညာချက်ပါပဲ ။

Remaster ဆိုတဲ့အတိုင်း ရုပ်ထွက်မှာ အခုခေတ်နည်းပညာနဲ့ အဆင့်မြင့်တင်ပြောင်းလဲထားတာအပြင် တခြား အပိုဆာဒါးအနည်းငယ် ပိုလာပြီး ဇာတ်လမ်းနဲ့ ဂိမ်းပလေးအပိုင်းနဲ့ ကျန်တာတွေမှာ လုံးဝပြောင်းလဲမှုမရှိပဲ မူရင်းအတိုင်းနဲ့ ထွက်လာမှာ ဖြစ်ပါတယ် ။ Final Fantasy စီးရီးထဲမှာ Final Final 8 ဟာ သူ့ခေတ်သူ့အခါက ကျော်ကြားခဲ့တာမို့ remaster သို့ remake ရသင့်နေတာ ကြာပါပြီ ။ အခုတော့ Remaster version ကြေညာလိုက်တော့ Final Fantasy 8 ဖန်တွေရဲ့ ဆန္ဒပြည့်ဝသွားခဲ့ပြီ ဖြစ်ပါတယ် ။

Platform: PS4, Xbox One, PC, Switch
Release Date: 2019

Final Fantasy 7 Remake

၁၉၉၇ ခုနှစ်ရဲ့ အကောင်းဆုံးဂိမ်းဆု ၊ အကောင်းဆုံး ဇာတ်လမ်းသွားဂိမ်းဆု ၊ လူကြိုက်အများဆုံးဆု စတဲ့ ဆုတွေ အများကြီး ဆွတ်ခူးခဲ့တဲ့ Final Fantasy 7 ဟာ အခုခေတ်နည်းပညာနဲ့ ပြန်အချောသတ်ထားတဲ့ remake version ထွက်လာပါပြီ ။ အခုခေတ် နည်းပညာနဲ့ လုပ်ထားတာ ဆိုတော့ ရုပ်ထွက်ကတော့ မူရင်းဂိမ်းနဲ့မဆိုင်ပဲ အရမ်းကို ကောင်းလွန်း အသေးစိတ်ကျကျနဲ့ ဖြစ်သွားပါပြီ ။ ငယ်တုန်းကဆော့ခဲ့တဲ့ဂိမ်းကို အခုခေတ် အလန်းစားရုပ်ထွက်နဲ့ဆော့ရတော့မှာမို့ Final Fantasy 7 ဖန်တွေလည်း အပျော်လုံးဆို့ကုန်မှာ အသေအချာပါပဲ ။

E3 မှာပြသွားတဲ့ ဗွီဒီယိုမှာတော့ အရင်က Final Fantasy 7 ဟာ ရုပ်ထွက်အလန်းစားနဲ့ဖြစ်သွားပြီး Remake ဆိုတဲ့အတိုင်း ဂိမ်းပလေးမှာ အရင်နဲ့မတူ ပြောင်းနေတာ သတိထားမိပါတယ် ။ Square Enix ဟာ ဒီဂိမ်းပလေးဗွီဒီယို တစ်ခုပြတာကလွဲလို့ တခြား အချက်အလက်တွေ မပြောသွားခဲ့တာမို့ မူရင်းနဲ့ ဘာတွေပြောင်းလဲသွားလဲ ဘာတွေ ထပ်ထည့်ထားမှာလဲ ဇာတ်လမ်းအပိုင်းမှာ ဘယ်လိုရှိမလဲဆိုတာ ဂိမ်းထွက်လာမယ့် မတ်လ ၃ ရက်နေ့မှာမှ သိရတော့မှာ ဖြစ်ပါတယ် ။

Platform: PS4
Release Date: 3 March 2020

Animal Crossing New Horizon

Harvest moon နဲ့ပုံစံတူ လူသိများကြတဲ့ စိုက်ပျိုးရေးဂိမ်းဖြစ်တဲ့ Animal Crossing ဂိမ်းအသစ် ထွက်လာတော့မှာပါ ။ ထွေလာထဲမှာတော့ Harvest moon အသွင်နဲနဲဆန်လာတာ တွေ့ရပြီး လယ်ယာအသစ်တွေ crafting အသစ်တွေ ဂိမ်းပလေးအသစ်တွေ ထည့်ထားတာ မြင်ရပါတယ် ။ ဂိမ်းပလေးက Tom Nook ဟာ လူသူမရှိတဲ့ သဲကန္တာရကို သွားပြီး အဲ့ဒီမှာ ရွာသားတစ်ယောက်အနေနဲ့ လယ်ယာစိုက် ၊ အကောင်မွေး ၊ စီးပွားရေးလုပ်ပြီး ရွာလေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမှာပါ ။

Platform: Nintendo Switch
Release Date: 20 March 2020

The Legend of Zelda: Breath of the Wild 2

နီတင်းဒိုးဟာ Legend of Zelda: Breath of the Wild ဂိမ်းရဲ့ အဆက်ကို Switch အတွက် ဖန်တီးနေပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ် ။ အဆိုပါ ကြေညာချက်ကို E3 2019 ရဲ့ Nintendo Direct မှာ ထုတ်လိုက်တာ ဖြစ်ပါတယ် ။ ဂိမ်းအကြောင်း မဆိုစလောက်သေးတာ ပြသွားခဲ့ပြီး ကျန်တာ လုံးဝမသိရသေးပါဘူး ။

ဗွီဒီယိုထုတ်ပြတဲ့အချိန် အစပိုင်းမှာ လက်ရှိထွက်ပြီးသား Legend of Zelda: Breath of the Wild ရဲ့ DLC သို့ တခြားအရာတွေ ဖြစ်မယ်လို့ ပရိသတ်က ထင်ခဲဲ့ကြပါသေးတယ် ။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ်မှာ “The sequel to The Legend of Zelda: Breath of the Wild is now in development.” စာတန်းတက်လာမှ နောက်ဆက်တွဲဂိမ်း ဖန်တီးနေတာကို သိခဲ့ရတာပါ ။ လက်ရှိမှာ အဆက်ဖြစ်မယ့် Zelda: Breath of the Wild 2 လို့ ဖြစ်လာမယ့် အဆိုပါဂိမ်းရဲ့ ထွက်မယ့်ရက်၊ ဂိမ်းပလေး စတာတွေ မသိရသေးပါဘူး ။

Platform: Nintendo Switch
Release Date: မသိရသေး

Borderland 3

Borderland 3 လည်းပဲ E32019 မှာ ပြောင်းလဲသွားတဲ့ ဂိမ်းပလေးတွေ နဲနဲသိခဲ့ရပါတယ် ။ base ဟာ အာကာသယာဉ်ပေါ်မှာ ဖြစ်တယ် ၊ ပလေယာဟာ ရန်သူ့ယာဉ်တွေကို hijack လုပ်နိုင်တယ် ၊ offline play လို့ရတယ် ၊ main quest ပြီးဖို့ နာရီ ၃၀ ကြာမယ် ၊ cosmetic microtransactions နှင့် DLC တွေရှိမယ် ၊Moxxi’s Bar returns, along with slot machines အပြင် တခြားအရာလေးတွေပါ သိခဲ့ရပါတယ် ။ crossplay အကြောင်းပြောခဲ့ပေမယ့် အခုထိ ထည့်မှာလား မထည့်ဘူးဆိုတာ သေချာ မသိရသေးပါဘူး ။ looting အပိုင်းမှာ ကိုယ့် loot နဲ့ကိုယ် ဖြစ်သွားတာမို့ loot ကောင်းရဖို့ အပြိုင်အဆိုင် လုပ်စရာမလိုတော့ပါဘူး ။ Borderland 2 စတိုင် ဂိမ်းပလေးပြောင်းမယ့် option ရှိမယ်လို့ဆိုပါတယ် ။

Platform(s): Google Stadia, PC, PS4, Xbox One
Release date: 13 September 2019

Halo Infinite

မိုက်ခရိုဆော့ဖ်ရဲ့ သက်တမ်းအရှည်ကြာဆုံး Halo စီးရီးမှာ ဂိမ်းအသစ် ထွက်လာပါပြီ ။ မိုက်ခရိုဆော့ရဲ့ စတင် ထုတ်တော့မယ့် xbox စက်အသစ် Project Scarlett မှာ ထွက်မှာ ဖြစ်ပါတယ် ။ E3 2019 မှာ နောင်ထုတ်မယ့် project Scarlette စက်ပါဝါ မည်မျှရှိကြောင်း ပြသွားတယ်လို့ ထင်ရပါတယ် Halo Infinite ရဲ့ ထွေလာအနည်းငယ်မှအပ ဂိမ်းပလေးအပြင် တခြားအရာတွေပါ မပြသွားတဲ့အတွက် အခုထိ ဂိမ်းပလေးမှာ ဘာတွေ ပြောင်းလဲသွားမလဲဆိုတာလည်း မသိရသေးပါဘူး ။

Halo Infinite မှာတော့ ဇာတ်လမ်းဟာ Halo 5 ဇာတ်လမ်းနောက်ပိုင်းကို ဇာတ်အိမ်တည်ထားပြီး ဘယ်လိုနေမလဲဆိုတာ အခုထိမသိရသေးပေမယ့် Master Chief ကတော့ Halo Infinite ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဖြစ်မှာ ဖြစ်တယ်လို့ ဆိုပါတယ် ။ single player အပြင် local multiplayer လည်း ပါမှာ ဖြစ်တယ်လို့ သိရပါတယ် ။

Platform(s): PC, Project Scarlett, Xbox One
Release Date: Q4 2020

FIFA 20

FIFA ကတော့ နှစ်တိုင်းလိုလို ထွက်နေပြီး ဒီတစ်ခေါက် E3 2019 မှာလည်း FIFA 20 ကို ကြေညာခဲ့ပြန်ပါတယ် ။ ရှေ့စီးရီးထက် ပိုကောင်း ၊ content မှာလည်း ပိုများလာပါတယ် ။ PS1 ခေတ်တုန်းက FIFA ဂိမ်းတွေမှာ ပါခဲ့တဲ့ indoor football mode ဒါမှမဟုတ် FIFA street စီးရီးမှာပါခဲ့တဲ့ street-style “Futsal” match ကို မှတ်မိကြသေးရဲ့လား မသိဘူး ။ အဲ့ဒါတွေ အခု FIFA 20 မှာ အသွင်အသစ်တစ်မျိုးနဲ့ ပြန်ပါလာပါပြီ ။ Volta Football’ mode ဆိုပြီးတော့ပါ ။ 3v3 Rush (no goalies), 4v4, 4v4 Rush, 5v5 နှင့် indoor မှာ Professional Futsal ၊ outdoor matches တွေပါပါတယ် ။ နောက်ပြီး FIFA 20 မှာ campaign mode, online leagues and squads နှင့် player avatars တွေ စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲနိုင်တာတွေ ပါဝင်ပါတယ် ။

Platform(s): PS4, Xbox One, PC, Nintendo Switch
Release Date: 27 September 2019

Midnight Ghost Hunt

Midnight Ghost Hunt ကတော့ သရဲနဲ့ တူတူပုန်းတမ်း ကစားရမယ့် ဂိမ်းတစ်ခုပါ ။ ပေးထားတဲ့ အချိန်အတွင်း ညနက်သန်းခေါင်အချိန် မရောက်ခင်မှာ သရဲရှာတဲ့သူက သရဲကို တွေ့အောင်ရှာပြီး သတ်ရမှာ ဖြစ်သလို သရဲလုပ်မယ့်သူကလည်း ရှာတဲ့သူ မတွေ့အောင် ပစ္စည်းတွေထဲ ဝင်ပူးပြီး ပုန်းနေရမှာဖြစ်ပါတယ် ။ ဒါပေမယ့် ညနက်သန်းခေါင်ကျော်သွားတာနဲ့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပါပြီ ။ ဒီအခါ သရဲက အင်အားကြီးသွားတာမို့ သရဲရှာတဲ့သူတွေက တဖန် ပြန်ပုန်းရမယ့် အချိန် ရောက်သွားပါတယ် ။ မဟုတ်ရင် အသတ်ခံရမှာပါ ။

Platforms: PC
Release Date: မသိရသေး

https://store.steampowered.com/app/915810/Midnight_Ghost_Hunt/

Rollar Champion

Rocket league ဂိမ်းလို ခံစားမှုပေးမယ့် 3v3 competitive ဂိမ်းလေးပါ ။ စကိတ်ကွင်းမှာ စကိတ်စီးရင်း ဘော်လီဘောကစားရတာ ဖြစ်ပါတယ် ။ အသင်း ၂ သင်းဟာ ပြေးကွင်းမှာ ပတ်ပြေးရင်း ဘောလုံးကို တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်းပေးရင်းနဲ့ ကွင်းထဲ ပစ်ထည့်ပေးရပါတယ် ။ ပစ်ထည့်လို့ ဝင်သွားရင် အမှတ်ရသည်ပေါ့ ။ အဲ့ဒီနေရာမှာ အသင်း တစ်သင်းနဲ့ တစ်သင်းဟာ ဘောလုံးဝင်မသွားအောင် ပြေးရင်းနဲ့ အချင်းချင်း လိုက်ဖျက်ကြတယ် ။ ပါဝါတွေ သုံး၊ ခုန်ပျံကျော်လွှားတာတွေ လုပ်ပြီးတော့ပါ ။

ရုပ်ထွက်က အရောင်စုံစုံလင်လင် စိုစိုပြေပြေနဲ့ ဖြစ်ပြီး ထူးခြားချက်ကတော့ free to play အဖြစ်ထွက်လာမယ်ဆိုတာပါပဲ ။

Platform: PC
Release Date: Early 2020

Wolfenstein: Cyber Pilot

Wolfenstein: Cyber Pilot ဂိမ်းကတော့ VR ဂိမ်းတစ်ခုပါ ။ ဒက်ဘလော်ဘာကတော့ စိတ်ကြိုက် explore လုပ်လို့ရမယ်လို့ ဆိုပါတယ် ။

၁၉၈၀ ပဲရစ်မြို့မှာပါ ။ သင်ဟာ အတော်ဆုံးဟက်ကာ တစ်ယောက်ပေါ့ ။ ပြင်သစ်တွေကို ကူညီပြီး နာဇီတွေကို တိုက်ထုတ်ပေးရမှာပါ ။ နာဇီတွေရဲ့ အကောင်းဆုံးစက်လက်နက်တစ်ခုဖြစ်တဲ့ တိုက်ပွဲသုံးစက်ရုပ်တွေကို ဟက်ပြီး ဝင်ရောက်ထိန်းချုပ်ရမှာပါ ။ စက်ရုပ်တွေကို စီးပြီး ဝင်တိုက်မယ်၊ သေနတ်နဲ့ အဆက်မပြတ်ပစ်မယ် အတားအဆီးမှန်သမျှအကုန် ကျော်ဖြတ်ပြီး သင်ချစ်ရတဲ့ မြို့ကို ပြန်လည် သိ်မ်းယူရမှာ ဖြစ်ပါတယ် ။

VR Shooter ဂိမ်း ဖြစ်တဲ့အတွက် ကစားဖို့အတွက်ဆိုရင် VR headset ရှိနေဖို့ လိုပါတယ် ။

Platforms: PC + HTC VR headset
Release Date: July 26, 2019

Doom Eternal

E3 2018 တုန်းက Bethesda နှင့် id Software တို့ကြေညာခဲ့တဲ့ Doom Eternal ဂိမ်းဟာ ယခု E3 2019 မှာတော့ အသေးစိတ်သိခဲ့ရပါပြီ ။ Doom Eternal ကတော့ 2016 Doom ရဲ့ reboot/အဆက် ဖြစ်ပြီး ဒီနှစ် ၂၀၁၉ နိုဝင်ဘာ ၂၂ ရက်နေ့မှာ PC, PS4, Xbox One နှင့် Google Stadia အတွက် ထွက်လာတော့မှာပါ ။

Doom ဂိမ်းတို့ထုံးစံ first person shooter အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအသစ် လက်နက်အသစ်တွေ skill အသစ်တွေ ထပ်ထည့်ထားပါတယ် ။ နဂိုဂိမ်းထက် Demon တွေ ပိုများမယ်လို့ ပြောထားပေမယ့် ဘယ်လိုဘယ်ပုံများမှာလဲ Demon အမျိုးအစား ဘယ်နှမျိုး ပါလာမှာလဲ ဆိုတာတော့ အခုထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး ။ ပြီးတော့ နောက်ပိုင်းမှာ DLC လည်း လာဦးမှာဖြစ်တယ်လို့ ဆိုပါတယ် ။

Doom Eternal မှာ ထူးခြားတဲ့ multiplayer mode တစ်ခုရှိပါတယ် ။ အဲ့ဒါကတော့ 1v2 ချရမယ့် competitve အမျိုးအစား Battlemode ပါပဲ ။ Doomslayer နေရာက တစ်ယောက် ၊ Demon နေရာက ၂ ယောက်နှင့် “skill vs strategy” ပုံစံ ချရမှာပါ ။ Demon က ထူးခြားတဲ့ ပါဝါကိုယ်စီ ၊ ပြေးနှုန်းပြေးတဲ့ပုံစံ ကိုယ်စီနဲ့ ၂ ယောက်ဖြစ်တဲ့အတွက် Doomslayer ကို အကွက်ကျကျ ပရိယာယ်သုံး စီစဉ်ပြီး ရှာသတ်ရမှာ ဖြစ်ပါတယ် ။ Doomslayer ကတော့ သူ့မှာ သတ်စရာဆိုလို့ လက်နက်ပစ္စည်းကိရိယာ အမျိုးအစား မြောက်များစွာ ရှိနေပြီး အဲ့ဒီထဲက ကိုယ်ကြိုက်ရာယူပြီး Demon ၂ ကောင်ကို ရှာသတ်ရမှာပဲ ဖြစ်ပါတယ် ။

Platform(s): Google Stadia, PC, Nintendo Switch, PS4, Xbox One
Release: November 22, 2019

Luigi’s Mansion 3

နီတင်းဒိုးဟာ Luigi’s Mansion စီးရီးမှာ နောက်ဆုံးတစ်ခု ထုတ်ပြီးခဲ့တာ ၆ နှစ်ကြာပြီးတဲ့နောက်မှာမှ ယခု ၂၀၁၉ မှာ နောက်ထပ် စီးရီးအသစ် ထပ်ကြေညာလိုက်တာ ဖြစ်ပါတယ် ။ Luigi’s Mansion 3 ကတော့ Nintendo Switch အတွက် ထွက်လာမှာ ဖြစ်ပြီး ရက်အတိအကျမကြေညာသေးပေမယ့် ၂၀၂၀ မှာ ထွက်လာတော့မှာပါ ။

Luigi’s Mansion 3 ဂိမ်းမှာ Luigi ဟာ သူ့သူငယ်ချင်း Mario နှင့် ဟော်တယ်တစ်ခုမှာ တည်းဖို့် ဖိတ်ကြားခြင်းခံရတယ် ။ သူရောက်လာတဲ့အချိန်မှာ ဟော်တယ်က ပုံမှန်မဟုတ်တာကို ခံစားမိတယ် ။ ဒီမှာ ရှိနေတဲ့ သရဲတစ္စေတွေဟာ ဟော်တယ်ကအခန်းတွေမှာ စွဲနေပြီး ထွက်သွားဖို့ ငြင်းဆန်နေကြတာမို့ Luigi တို့အတွက် ဒုက္ခပေးမယ့်အရာဆိုတာ သေချာပေါက်ပါပဲ ။

Platform: Nintendo Switch
Release date: Q4 2019

TOM CLANCY’S GHOST RECON® BREAKPOINT

Ubisoft က E3 မှာ Tom Clancy’s Ghost Recon Breakpoint ဂိမ်​းပ​လေးအ​ကြောင်​း ထုတ်​ပြခဲ့ပါတယ်​ ။ Ghost Recon Breakpoint မှာ​တော့ Auroa ဆိုတဲ့ ကျွန်​း​ပေါ်မှာ ဇာတ်​လမ်​းဆင်​ထားတာ ဖြစ်​ပါတယ်​ ။ ဒီတစ်​ခါ​တော့ ပ​လေယာက အမဲလိုက်​ခံရတဲ့ သား​ကောင်​​နေရာက ဖြစ်​သွားတာမို့ အသက်​ရှင်​ဖို့အတွက်​ ကြိုးစားရတာက အဓိက ဖြစ်​သွားပါတယ်​ ။ လူဆိုးက​တော့ Cole D. Walker ပါ ။

Tom Clancy ဂိမ်​းဖန်​​တေ​ွက​တော့ Ghost Recon Breakpoint ဂိမ်​းဟာ သူ့​ရှေ့စီးရီးထက်​ပိုပြီး စိတ်​ဝင်​စားဖို့​ကောင်​းလာသလို ဂိမ်​းပ​လေးအပိုင်​းမှာ ပိုပြီး​ကောင်​းလာမယ်​လို့ ​မျှော်​လင်​့​နေကြပါတယ်​ ။ ​ကောင်​းမ​ကောင်​းကို​တော့ ဂိမ်​းထွက်​လာမှပဲ သိရ​တော့မှာပါ ။

Platform(s): Google Stadia, PC, PS4, Xbox One

Release date: October 4, 2019

Leave a comment