မြွေတစ်ကောင်အနေနဲ့ ကစားရမယ့် Snake Pass (puzzle/platformer) ဂိမ်း







Unicode

သင်ဟာ မြွေတစ်ကောင် ဖြစ်ခဲ့လျှင် အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ?

ငြိမ်းချမ်းလှတဲ့ Haven Tor ကြီးဟာ ထူးဆန်းတဲ့အရာတွေရဲ့ နှောင့်ယှက်ခြင်းခံရပြီး ဂေဟစနစ် ပျက်ယွင်းသွားပါတယ် ။ Haven Tor ကို  စွမ်းအင်တွေ ပေးနေတဲ့ keystone တွေ ပျောက်ဆုံးသွားတယ် ။ မြွေလေး Noodle the Snake နှင့် သူ့ရဲ့ ခင်မင်ရတဲ့ သူငယ်ချင်း ပိတုန်းငှက်ကလေး Doodle the Hummingbird တို့က ပျောက်ဆုံးနေတဲ့ keystone တွေကို ရှာပြီး မှော်ဂိတ်ပေါက်ဝမှာ သွားထားပေးရမှာ ဖြစ်ပါတယ် ။ ဒါမှသာ Haven Tor က တဖန် ငြိမ်းချမ်းလာမှာ ဖြစ်ပါတယ် ။ ရုတ္တိဗေဒ အခြေခံ ထားတဲ့ puzzle platform ဂိမ်းတစ်ခုဖြစ်ပြီး ကစားသူဟာ မြွေတစ်ကောင်အနေနဲ့ စဉ်းစား ကစားရမှာ ဖြစ်ပါတယ် ။ ပဟေဠိတွေကို သဘာဝကျကျ ဖန်တီးထားတာ ဖြစ်ပြီး အဆိုပါ ပဟေဠိတွေကို မြွေတစ်ကောင်အနေနဲ့သာဆိုလျှင် ဆိုတဲ့ အတွေးနဲ့ ဆက်စပ်ဖြေရှင်းရမှာ ဖြစ်ပါတယ် ။

အဆိုပါ ဂိမ်းကတော့ Snake Pass ဆိုတဲ့ puzzle/platformer ဂိမ်းတစ်ခု ဖြစ်ပြီး  PlayStation 4, Xbox One, Switch, PC (via Steam) နှင့် Windows 10 အတွက် ထွက်ရှိလာတော့မှာ ဖြစ်ကြောင်း developer Sumo Digital က ကြေညာလိုက်ပါတယ် ။ မတ်လ ၂၈ ရက်နေ့မှာ မြောက်အမေရိကတွင်လည်းကောင်း ၊ မတ်လ ၂၉ ရက်နေ့မှာ ဥရောပတွင်လည်းကောင်း အသီးသီး ထွက်ရှိလာတော့မှာ ဖြစ်ပါတယ် ။

PlayStation 4 version မှာတော့ Snake Pass ဂိမ်းဟာ 4K စနစ်ကို support လုပ်တဲ့အတွက် PlayStation 4 Pro နှင့် PlayStation 4 မှာ ရုပ်ထွက်ကို အသေးစိတ် တိုးမြင့်ထားသဖြင့် ရုပ်ထွက် ကြည်လင်ပြတ်သားစွာ HDR စနစ်နဲ့ frame rate မြင့်မြင့် ကစားနိုင်မှာ ဖြစ်ပါတယ် ။

Xbox One version မှာ Xbox Play Anywhere စနစ်ကို support လုပ်တဲ့အတွက် Xbox One version ဝယ်ပါက Windows 10 version အတွက်ပါ အခမဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ် ။ ထို့အတူ saves တွေ achievements တွေနှင့် game add-ons တွေ စတဲ့ data တွေကို Xbox One နှင့် Windows 10 မှာပါ အပြန်အလှန် ချိတ်ဆက်ကာ ရယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Switch အတွက်တော့ Snake Pass ဂိမ်းကို TV mode, Handhled mode, နှင့် Tabletop mode တွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ် ။ Joy-Con နှင့် Switch Pro Controller ကိုလည်း support လုပ်တဲ့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Steam Link => http://store.steampowered.com/app/544330/

ss_1e3dedf369cff557bb0732c04d150decef0ea40c.600x338.jpg

Advertisements