PC ပေါ်ရောက်လာတော့မည့် Horizon Zero Dawn

Horizon: Zero Dawn Complete Edition ဟာ ဒီနှစ် နွေရာသီကာလ (ဇွန် သို့ ဇူလိုင် သို့ သြဂုတ်လ) အတွင်း PC အတွက် ထွက်လာတော့မှာ ဖြစ်တဲ့အကြောင်း Sony Interactive Entertainment Worldwide Studios ရဲ့ ပရဲ့စီးဒင့် Hermen Hulst က PlayStation Blog ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ် ။ 

 

” Horizon: Zero Dawn ဂိမ်းဟာ PC အတွက် ဒီနှစ်နွေရာသီကာလအတွင်း ထွက်လာတော့မယ့်အကြောင်းကို ကျနော် အတည်ပြုပေးနိုင်ပါတယ် ။ Guerrilla (Horizon Zero Dawn ဒက်ဘလော်ပါ) ဆီကနေလည်း PC အတွက် ထုတ်တာနဲ့ ပတ်သက်တဲ့ သတင်းတွေ မကြာခင် ကြားသိရတော့မှာပါ ”

 

PC အတွက် ထွက်လာမယ့် Complete Edition မှာတော့ 

 

Horizon: Zero Dawn

The Frozen Wilds expansion

Carja Storm Ranger Outfit and Carja Mighty Bow

Carja Trader Pack

Banuk Trailblazer Outfit and Banuk Culling Bow

Banuk Traveller Pack

Nora Keeper Pack

 

တို့ပါဝင်မှာ ဖြစ်ပါတယ် ။

 

Short Review (By James Windysam)

***********

 

Horizon: Zero Dawn ဂိမ်းဟာ Open-World/ ARPG အနောက်တိုင်းစတိုင် အက်ရှင် ဇာတ်လမ်းသွားဂိမ်းတစ်ခုဖြစ်ပြီး ဆုတွေ အများကြီး ရထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ထူးခြားတဲ့ ဂိမ်းပလေးစတိုင်နှင့် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ကြောင့် ကျော်ကြားပါတယ် ။ PS4 အတွက်သာ ထွက်ရှိခဲ့တဲ့ Horizon: Zero Dawn ဂိမ်းဟာ ၂၀၁၇ ဖေဖော်ဝါရီလက ထွက်ရှိခဲ့ပြီး Complete Edition အမျိုးအစားကိုတော့ ၂၀၁၇ ဒီဇင်ဘာလမှာ ထုတ်လုပ်ဖြန့်ချီခဲ့တာ ဖြစ်ပါတယ် ။ 

 

Horizon: Zero Dawn ရဲ့ ဂိမ်းပလေးဟာ လေးနဲ့မြှားကို အဓိကထားကစားရတာကြောင့် ရွေးချယ်စရာ လေး အမျိုးအစား၊ မြှားအမျိုးအစား များပြားပြီး Stealth kill နောက်ပြီး မွန်းစတား အကောင်ကြီး တွေဖမ်းပြီး စီးနင်းလို့ရတာတွေ ပါတဲ့အတွက်ကြောင့် အတော်လေး ဆော့ကောင်းပါတယ် ။ သူ့ရဲ့ World ဒီဇိုင်းကို witcher ဂိမ်းဖန်တီးတဲ့ အဖွဲ့သားတွေက ကူညီရေးဆွဲပေးထားပြီး Arpg အမျိုးအစားကိုမှ စက်ရုပ်အကောင်ကြီး မွန်းစတားတွေကို အမဲလိုက် သတ်ဖြတ်ရတဲ့ စတိုင် နှင့် Decima အင်ဂျင် ရဲ့ အနုစိတ် ကျပြီး လှပလွန်းတဲ့ ရုပ်ထွက်တွေကြောင့် လူကြိုက်များတဲ့ ဂိမ်းတစ်ခုအဖြစ် အခုထိတိုင် ရပ်တည်နေဆဲ ဖြစ်ပါတယ် ။ ဇာတ်လမ်းဟာလည်း Viking သမိုင်းကြောင်း နှင့် တခြား လူမျိုးစု သမိုင်းကြောင်းတွေ ရောသမမွှေထားလို့ Side Quest လေးတွေက အစ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ Monster Hunter ဂိမ်းကို ဥပမာယူ ဖန်တီး လုပ်ထားတာမို့ စက်ရုပ် AI တွေဟာ အနည်းငယ် ထက်မြက်နေတာကြောင့် တချို့စက်ရုပ်ကြီးတွေဆို သတ်ရ အတော်လေးကို ခက်ခဲပြီး လက်ဝင်ပါတယ် ။ ဇာတ်လမ်းသွားဂိမ်းကြိုက်သမားတွေ အတွက်တော့ Horizon: Zero Dawn Complete Edition ဂိမ်းဟာ ဆော့ကို ဆော့သင့်တဲ့ ဂိမ်းတစ်ခုပါလို့ အကြံပေးပါတယ် ။

 

 

Leave a comment